Friday 26 August 2011

မှတ်ပုံတင်ဖို့ဆိုကေ

ရခိုင်ရိုးမ။        ။ August 26, 2011     ခိုင်အောင်ကျော် (နယူးယောက်)
ရခိုင်သားတိ နိုင်ငံရီးကို စိတ်ဝင်စားလို့ နိုင်ငံရီးပါတီအဖြစ် မှတ်ပုံတင်ကတ်ဖို့ဆိုကေ ရုပ်သီးအစိုးရဖြစ်တေ သမတဦးသိန်းစိန် အစိုးရက နိုင်ငံရီးပါတီအဖြစ် မှတ်ပုံတင်ဖို့ခိုင်းစွာ တွိရပါရေ။
ယေကေ နောက်လာဖို့  ရွီးကောက်ပွဲမှာ ၀င်ပြိုင်ဖို့အတွက် နိုင်ငံရီးပါတီအဖြစ် မှတ်ပုံတင်ကတ်ရပါဖို့ဗျန်ကာ။ အခုတောင်မှ ရက်ပေါင်း ၁၀၀ လောက်ရာ ဟိသိရေ ရုပ်သီးအစိုးရ သမတ ဦးသိန်းစိန်က နောက်လာဖို့  လေးနှစ်အတွက် ပြိုင်ဖို့ စွာကို နိုင်ငံရီးပါတီအဖြစ် မှတ်ပုံတင်ဖို့ ခိုင်းစွာ ကောင်းကောင်းကြီး စောနီရေလို့  ပြောကေ ရပါဖို့ဒေ။

ယေကေ ဒေပိုင် ဇါဖြစ်လို့  စောစောကြီး မှတ်ပုံတင်ဖို့  ခိုင်းနီလေ ဆိုစွာကို စိုင်းစားကြည့်ရပါဖို့ယေ။ ပထမအချက်မှာ လွန်ခရေ နှစ်ပေါင်း ၂၀ ခုလောက်က ပါလီမန် ရွီးကောက်ပွဲ လုပ်ခရေအခါ အမျိုးသားဒီမိုကရစီ အဖွဲ့ချုပ်က မဲအများဆုံးနင့် အနိုင်ရခစွာ ဟိပေါရ။
ယင်းပါတီကို ရွီးကောက်ပွဲ ရလဒ်အတိုင်းဆိုကေ စစ်အစိုးရက အာဏာလွှဲပြောင်းပီးခရဖို့စွာပါရာ။
ယေကေလေး အာဏာလွှဲပြောင်း မပီးခလို့  နိုင်ငံရေးပြဿနာ တက်နီကတ်ရရေလို့  ပြောနီကတ်စွာ မဟုတ်ပါလားယေ။ ယင်းချင့်မှာ ရခိုင်ပြည်က ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်လေး ပါခပါရေ၀ါ။
ယင်းအခါက မဲအများဆုံးနင့် အနိင်ရခရေ ပါတီတိကို  န၀တ စစ်အစိုးရက ဖြိုသတ်ပလိုက်စွာ ပါတီတိ ပျက်လားပါရေ။ ရုံးတိလေး မဟိလိုက်ပါဗျန်။

နောက်ဆုံးမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်က ရုံးတခုရာ ထားနိုင်ဗြီးကေ နိုင်ငံရီးလှုပ်ရှားနီကတ်စွာဖြစ်ပါရေ။
ယင်းချင့်ကလေး ဗိုလ်ချုပ်အောင်းဆန်း၏သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ယင်းပါတီမှာ ဟိနီလို့ပါချင့်။ 
မဟုတ်ကေ ယင်းအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကလေး ဇါချောင်မှာထိုးလို့  အခုဆိုကေ ဇါပိုင်ပင် အရုပ်ပေါက်နီလီဖို့ကား မသိပါယေ။
ယင်းပိုင်နင့်ပင် အားလုံးသိကတ်တေအတိုင်း ၂၀၁၀ ရွီးကောက်ပွဲလုပ်တေအခါ အခု ရုပ်သီး သမတဦးသိန်းစိန်အစိုးရ ဖြစ်လာအောင်အထိ ရွီးကောက်ပွဲရလဒ် လုပ်ဗြီးခပါဗျန်ဝါ။ 

ယင်းပိုင်အတွက်နင့် ရုပ်သီးသမတ ဦးသိးစိန်က နောက်လာဖို့  ရွီးကောက်ပွဲ လုပ်တေအခါ ၀င်လို့ပြိုင်ကတ်ဖို့ ဆိုကေ နိင်ငံရီးပါတီအဖြစ် မှန်ပုံတင်ကတ်ပါလို့ ပြောလိုက်စွာဖြစ်ပါရေ။
ဒေပိုင် ပြောလိုက်စွာက အစိုးရ တရပ်အနီနင့်ဆိုကေ အားလုံးမှန်နီစွာပါရာ။
ယေကေလေး ပြောရဖို့ စကားက ဟိနီပါသိရေထော။
ဇါဖြစ်လို့ ဆိုကေ ၁၉၉၀ ခုနှစ်မှာ ရွီးကောက်ပွဲ အနိုင်ရခရေ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကပါ အခြား ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ကပါ ဒေနီရာမှာ ရောဂါဖြစ်လာပါဗျန်။
ယင်းရောဂါကတော့ခါ မှတ်ပုံတင်ဖို့  မတင်ဖို့ဆိုရေ နိုင်ငံရီး နှလုံးရောဂါပါကားယေ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မှတ်ပုံ မတင်နိုင်လို့ ဆိုပနာ ၂၀၁၀ ရွီးကောက်ပွဲကို မ၀င်ခစွာဟိပါရေ။ သဘောက ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြီခံ ဥပဒေကို အသိအမှတ်မပြုနိုင်လို့ ဆိုပနာ မှတ်ပုံမတင်ခပါ။

ယေဇူးနင့် ရွီးကောက်ပွဲလေး မ၀င်ခပါကားယေ။
ယေကေ အခုတခါ မှတ်ပုံတင်ဖို့  ခိုင်းနီရေအခါ ယင်းအဖွဲ့တိ ယင်းပါတီတိက ဇါလုပ်ကတ်ပါဖို့လေး။
လက်ဟိမျက်မှောက် နိုင်ငံရီးမြင်ကွင်းအရ ဒေါ်အောင်ဆန်းစုကြည့်နင့် ရုပ်သီးသမတ ဦးသိန်းစိန် အစိုးရနင့် ဒေါ်အောင်ဆန်းစုကြည်က အလွမ်းသင့်လားခပါဗျန်ဒေ။ 
ယင်းပိုင်စွာကို မြင်လို့ နိုင်ငံရီးပါတီအဖြစ်မှတ်ပုံတင်ဖို့ သင့်လားပါဖို့လားချင့်။
ကမ္ဘာ့ကုလသမဂ္ဂ ဥပဒေပညာရှင်နင့် ဒေအချက်ကို သုံးသပ်ပနာ မှတ်ပုံတင်ဖို့  မတင်ဖို့  လုပ်ဖို့  ပြင်ဆင်နီပါဗျန်။

ယေကေ ဒေချင့်မှာ နှစ်ပိုင်းဟိနီစွာကို တွိလာပါလိမ့်မေ။
ပထမအပိုင်းက မှတ်ပုံမတင်ကေ ၁၉၉၀ ခုနှစ် ရွီးကောက်ပွဲ ရလဒ်ကို တစိုက်မတ်မတ် တောင်းဆိုလို့ ရပါရေ။ တွိဆုံဆွီးနွီးရီးကို တောင်းဆိုနီဖို့  ရပါရေ။
ယင်းချင့်က နိုင်ငံရီးပြသနာကြီး တခုဖြစ်ပါရေ။
ဒုတိယအပိုင်းဖြစ်တေ နိုင်ငံရီးပါတီအဖြစ် မှတ်ပုံတင်ခြီကေ လက်ဟိ နိုင်ငံရီးပါတီအဖြစ် လှုပ်ရှားလို့  တရားဝင် ရပါဖို့ကာ။ ယေဗြီးကေ နောက်လာဖို့  ၄ နှစ်မှာ ရွီးကောက်ပွဲ ၀င်လို့ရလာဖို့စွာပါ။
ဒေချင့်ရာ ဟိနီရေအတွက် ၁၉၉၀ ခုနှစ် ရွီးကောက်ပွဲ ၀င်ခရေ ပါတီတိက ဒေအချိန်မှာ စိုင်းစားရဖို့  အချိန်ဖြစ်နီလာပါဗျန်။ 
တသက်လုံးမ၀င်လို့ ပြောခရေ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်က အခုအချိန်မှာ ရုပ်သီးအစိုးရနင့် ပဏာသင့်နီစွာကို သတိထားဖို့ လိုလာပါရေ။
ပက်ခုံးတိမှာ အနာရွတ်တိ မကန်လောက် ဟိနီရေ လူတိက အခုအချိန်ထိ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြီခံဥပဒေကို လက်မခံ ၂၀၁၀ ရုပ်သီးအစိုးရကို အသိအမှတ်မပြုလို့  လက်သီးလက်မောင်း အော်ပြောနီခကတ်စွာတိက အခုအချိန်ထိ အသံတိ မပျောက်ကတ်ပါသိဒေ။
ယင်းပိုင် နှစ်ပေါင်း ၂၀ အော်နီခကတ်စွာ လူတိ ထောင်ထဲ ရောက်လားခကတ်စွာ အခုအချိန်မှာ အတိုက်အခံပါတီနင့် ရုပ်သီးအစိုးရနင့် ပေါင်းလို့သင့်လို့  ဖြစ်လားစွာကို ကြည့်ကေ နိုင်ငံရီး ရီစီးကြောင်း သိနားလည်ဖို့ လိုပါရေ။
 
ယင်းသူရို့အတိုင်း ရခိုင်လူမျိုးတိက လိုက်လို့ လုပ်သင့်လားဆိုစွာကို သတိထားကြည့်ဖို့  လိုပါရေဒေ။ ရုပ်သီးသမတ ဦးသိန်းစိန် အစိုးရထဲမှာ ရခိုင်တိုင်းရင်းသား တိုးတက်ရီးပါတီက နိုင်ငံရီးပါတီအဖြစ် ရပ်တည်လို့  ပါနီစွာ ဟိပါရေ။
ပဇေါင်ပင်ဖြစ်ဖြစ် နိုင်ငံရီးပါတီအဖြစ် ဟိနီရေအခါ တခုချေလေး မလုပ်နိုင်စွာကြားက တခုချေလောက်တော့ လုပ်နိုင်ကတ်စွာပါဗျန်ကာ။
စိတ်ကြီနပ်စရာဖြစ်အောင် မလုပ်ပီးနိုင်စွာကို ရခိုင်လူမျိုးတိုင်း သိကတ်ဖို့စွာပါရာ။

မလုပ်နိုင်စွာကို အပြစ်တင်လို့လေး မရနိုင်ရေပိုင် အားမတန်လို့  မန်လျှော့နီရစွာကိုလေး နားလည်နိုင်ကတ်ဖို့လို့ ထင်ပါရေ။
ဇါဖြစ်လို့ဆိုကေ ကိုယ့်ကြမ္မာကို ကိုယ်ဖန်တီးလို့  မရနိုင်ရေ ဘ၀မှာ ၀င်ကစွပ်ခရုပိုင် ဖြစ်နီရလို့  ရရေပိုင် လှုပ်ရှားနီကတ်ရရေစွာကိုလေး နားလည်သဘောပေါက်ကတ်ဖို့လိုပါရေဒေ။
ဒေနီရာမှာ ရခိုင်တိုင်းရင်းသားတိုးတက်ရီးပါတီက ၀န်ကြီးဖြစ်လားခရေလူတိ လွှတ်တော်ကိုယ်စားလှယ်တိ ဖြစ်လားခရေလူတိက အကျင့်စာရိတ္တတိနင့် ဘ၀ မိလားခစွာတိနင့် ကြ့ဖွံ့ပါတီနင့် ပေါင်းပနာ မိခင်ပါတီကို ဂရုမစိုက်စွာတိ ဟိလားကေတော့ မကောင်းရေ လက္ခဏာတခုလို့  ပြောရပါဖို့ဗျန်ကာ။

ယင်းပိုင်ရာ ဖြစ်လားခကေတော့ခါ နောက်လာဖို့ ၄ နှစ်မှာ ယင်းလွှတ်တော်ကိုယ်စားလှယ်တိက နီရာပျောက်လားပနာ ဘ၀ပါ ပျောက်လားကတ်ဖို့စွာပါရာဒေ။
မိခင်ပါတီက လွှတ်တော်ကိုယ်စားလှယ်ဖြစ်စွာကို မိလားပနာ ကြ့ဖွံ့နင့် ပေါင်းလားလို့ ကြံ့ဖွံ့က ဆလွန်းကား တစီး ပီးလိုက်လို့  ကချင်လက်နက်ကိုင် အဖွဲ့ကို မကောင်းကြောင်း ပြောစွာမှာ လက်မှတ်ထိုးခရေ ရသေ့တောင်မြို့ နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေပိုင် မဖြစ်ကတ်ဖို့ အရေးကြီးပါရေဒေ။
ရခိုင်တိုင်းရင်းသားတိုးတက်ရီးပါတီမှာ တခုခုလုပ်ကေ မိခင်ပါတီရုံးမှာ အစီးအ၀ီး ဆုံးဖြတ်ချက်ကို ရယူဗြီးမှ လုပ်ကတ်ရဖို့စွာ ဟိလီပါဖို့ရာ။

ယင်းချင့်ကို ရသေ့တောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဒေါ်ခင်စောဝေက အစီးအ၀ီးမှာ မတင်ပြဘဲ ကိုယ်သဘောကျရေပိုင် တိတ်တိတ်ချေ လက်မှတ်ထိုးလိုက်တေ စွာမျိုးကတော့ခါ မလုပ်ကောင်းလို့ ပြောရပါဖို့ စွာပါရာ။
ဒေပိုင်စွာတိရေ  ကြောက်ကောင်းထမန်းဖြစ်တေ ပြသနာတိဖြစ်လို့  နောက်ကို ဒေပိုင်စွာမျိုး မလုပ်မိကတ်ဖို့  အခြားလွှတ်တော် ကိုယ်စားလှယ်တိလေး လိုက်နာဖို့လိုပါရေဒေ။ 
လွှတ်တော်ကိုယ်စားလှယ်တိကအစ ၀န်ကြီးတိကိုပါ ရခိုင်လူထုတိက စောင့်ကြည့်နီကတ်တေ ဆိုစွာကို နားလည်ပီးကတ်စီချင်ပါရေ။

ဝန်ကြီးတိကလေး ပါတီတရပ်လုံး ဆုံးဖြတ်ရဖို့  စွာကို အစီးအ၀ီးမှာ မတင်ပြဘဲ ကိုယ်ဖြစ်ချင်စွာအတိုင်း ကိုယ့်သဘောနင့် ကိုယ်ရာ လုပ်လိုက်ကေတော့ခါ ပါတီငါးပါး မှောက်လီဖို့စွာ မဟုတ်ဘဲ ကိုယ်ရာ ငါးပါးမှောက်လီဖို့စွာပါရာယေ။
ဇါဖြစ်လို့ ဆိုကေ ရခိုင်လူမျိုးတိက ရခိုင်ပြည်ကို ချစ်တေစိတ်နင့် တိုတက်ဖြစ်ထွန်း စီကတ်ချင်စွာပါရာ။ ယင်းချင့်မှာ အခုလုပ်ပိုင်ခွင့် တဖေ့ချေ ရထားရေ ရခိုင်တိုင်းရင်းသားတိုးတက်ရီးပါတီက ၀န်ကြီးတိနင့် လွှတ်တော် ကိုယ်စားလှယ်တိက ပျင်ချင်ပိုင်ပျင်လို့ လုပ်ချင်ပိုင် လုပ်နီကတ်ကေ နောက်လာဖို့  ရွီးကောက်ပွဲမှာ ၀င်ပြိုင်ဖို့  ရခိုင်လူမျိုး နိုင်ငံရီးပါတီ မပေါ်လာဘဲ ဟိပါဖို့ကားယေ။
ဒေချင့်ကို ရခိုင်လူမျိုးတိက စိုင်းစား နီကတ်စွာ အကြောင်း ကြားရလာပါဗျန်ဒေ။

၁၉၉၀ ခုနှစ်မှာ မဲအများကြီး အနိုင်ရလားခရေ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က လူဟောင်းတိ ပါပနာ ဦးဆောင်ဖွဲ့စီးကတ်ဖို့လို့ ပြောသံ ကြားနီရပါဗျန်။ ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်နာမည်နင့် မ၀င်ဘဲ အခြားနာမည်အသစ် တခုနင့် ၀င်ဖို့လို့လေး ကြားနီရပါရေ။
အမှန်က ရခိုင်တိုင်းရင်းသားတိုးတက်ရီးပါတီမှာ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်က လူတိလေး ပါရေအတွက်နင့် နောက်ထပ် ပါတီအသစ် ဖွဲ့ဖို့ လုပ်စွာကတော့ခါ လက်ခံနိုင်စရာ မဟိလို့ထင်ပါရေဒေ။ ဇါဖြစ်လို့ဆိုကေ အခု ရတပ ပါတီမှာလေး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ပါနီရေအတွက်နင့် နောက်လာဖို့ ၄ နှစ်မှာ ယင်းပါတီကိုရာ အားဖြည့်ပီးဖို့ သင့်စွာမြင်မိပါရေ။

ယင်းပိုင်မဟုတ်ဘဲနင့် နောက်ထပ်ပါတီအသစ် တခုကိုရာဖွဲ့ဖို့အတွက် မှတ်ပုံတင်လာဖို့ဆိုကေ ယင်းရခိုင်လူမျိုးတိမှာ စီးလုံးညီညွတ်ရီး ရထားရေ ရခိုင်နိုင်ငံရီးအင်အားစုနင့် ရခိုင်လူထုအတွက် အကြီးမားဆုံး မျိုးဖျက် ရခိုင်သားအုပ်စု ဖြစ်လားဖို့စွာကို အသိအမှတ် ပြုထားရပါဖို့ဒေ။
  ယင်းအတွက်နင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က သက်ဆိုင်ရာ လူကြီးတိကလေး ဒေကိစ္စကို ကောင်းကောင်းကြီးစိုင်းစားပနာ သမိုင်းမှာ အမှားမဖြစ်လားရအောင် မလုပ်မိဖို့  လိုပါရေယေ။

ဒေနီရာမှာ တခြားနိုင်ငံရီးပါတီတိကတောင် နိုင်ငံရီးပါတီတိအဖြစ် မှတ်ပုံတင်ကတ်သိနီယင့်သားနင့် ရခိုင်လူမျိုး နိုင်ငံရီးပါတီက နောက်ထပ်အသစ် မဖွဲ့သင့်ဗျန်လား ဆိုစွာကို လူ့အခွင့်အရီးစံနှုံးနင့် ပြောလာတတ်ပါဖို့စွာ ဟိပါရေ။ 
ယင်းချင့်က လူ့အခွင့်အရီးနင့် တခုချေလေး မပတ်သက်ပါဒေ။
ပါတ်သက်နီစွာက ရခိုင်လူမျိုးတိနင့် တိုက်ရိုက် ပတ်သက်နီစွာပါရာ။
၂၀၁၁ ရွီးကောက်ပွဲမှာ ရခိုင်တိုင်းရင်းသားတိုးတက်ရိးပါတီက ရခိုင်ပြည်မှာ မဲအနိုင်ရလို့ အခုအချိန်ထိ ရခိုင်နိုင်ငံရီး စာမျက်နှာ မွှီးနီပါသိရေဒေ။

ယင်းအချိန်က ရတပ ပါတီကရာ မနိုင်ခကေ ကုလားတိကို ဆရာခေါ်နီကတ်ရဖို့  ရခိုင်သားတိကို အခုအချိန်မှာ မျက်စိထဲ မြင်ယောင်နီပါရေဒေ။ 
ရခိုင်နိုင်ငံကို အောက်သားတိ ဖျက်ဆီးနယ်ချဲ့ပခလို့ ရခိုင်နိုင်ငံပျောက်ကွယ်လားလို့  မဗြီးပါသိဒေ။
အခုတခါ မြီမြိုလို့  လူမျိုးပျောက်အောင်မက အရုပ်ဆွဲ ပြလို့  ဒေချင့်ရခိုင်လူမျိုးပါလို့  ပြောလို့မရအောင် သမိုင်းလိမ်ကုလားတိက လုပ်နီစွာကို သတိထားကတ်ဖို့လိုပါရေ။

ယေဇူးနင့် ရခိုင်ပြည်မှာ နောက်ထပ် ရခိုင်နိုင်ငံရီးပါတီတခုကရာ ပေါ်လာရေဆိုကေ ယင်းပါတီကို ၀ိုင်းပနာ ကန့်ကွက်ကတ်ရပါဖို့ယေ။
ယင်းပါတီပေါ်လာစွာနင့် ရခိုင်တိုင်းရင်းသားတိုးတက်ရီးပါတီနင့် ရွီးကောက်ပွဲမှာ မဲပြိုင်ဖို့  ဖြစ်လာပါဖို့ယေ။
ယေကေ သမိုင်းလိမ်ကုလားတိက အလယ်က ဒိုင်စားရေပိုင် ၁၉၉၀ ခုနှစ်ကပိုင် ဒိုင်စားလားလီပါဖို့ဒေ။
ယေကေ ယင်းချင့်ကို ရခိုင်အမျိုးသားချစ်စိတ်နင့် ကာကွယ်ကတ်ဖို့  လိုစွာမဟုတ်ပါလားချင့်။
ယေဇူးနင့် ရခိုင်ပြည်မှာ ရခိုင်လူမျိုး နိုင်ငံရီး တပါတီ ရှိရီးကိုရာလုပ်စွာကို ကျင့်သုံးပီးကတ်စီချင်ပါရေ။

ယောင်လို့တောင်မှ ယင်းပိုင် ပါတီတိအများကြီး ဖွဲ့ဖို့စွာကို မစိုင်းစားကတ်ပါကေ့လို့ ဖွဲ့ဖို့လှုပ်ရှားနီရေ လူတိကိုလေး တောင်းပန်လိုက်ရပါရေ။
ရတပပါတီကလေး လွှတ်တော်ကိုယ်စားလှယ်တိ အပါအ၀င် ၀န်ကြီင်္းတိကလေး အကျင့်စာရိတ္တတိကို အချိန်မှီ ပြုပြင်ကတ်ပါလို့  မေတ္တာရပ်ခံလိုက်ချင်ပါရေဒေ။ 
ယင်းပိုင်ရာ မဟုတ်ဘဲ နောက်ထပ် ရခိုင်လူမျိုးတိက ဒေပိုင် လွှတ်တော်ကိုယ်စားလှယ်တိကြောင့် ပါတီအသစ် ဖွဲ့စီးဖို့ ဖြစ်လာရေဆိုကေ ရခိုင်လူမျိုးတိမှာ ရဗြီးသား စီးရုံးရီး ညီညွတ်ရီးတိ နောက်ထပ်တခါ ဖြစ်လာဖို့ စွာကား မလွယ်ဗျန်လို့ရာ ပြောရလီပါဖို့ဗျန်ကာ။
ယေဇူးနင့် ရခိုင်သားတိ နိုင်ငံရီးကို စိတ်ဝင်စားလို့ ဟိရေဆိုကေ နိုင်ငံရီးပါတီအဖြစ် မှတ်ပုံတင်ဖို့ ဆိုကေ အနားမှာဟိရေ အမျိုးသားရန်သူတိကို စိုင်းစားကြည့်ကတ်ပါဖိလို့  ပြောပြလိုက်ပါရဇီ။

မုန်တိုင်းသင့်ဒေသသို့သွားရောက်လေ့လာသူတဦး ၏ ခရိးသွားမှတ်တမ်း

လင်းလင်း
ဒီဇင်ဘာလ ၁ ရက် ။၂၀၁၀၊ ခုနှစ်။
ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံတွင် ကျွန်းစုအများဆုံးပိုင်ဆိုင်သည့်ပြည်နယ်ဖြစ်။
ပင်လယ်ကမ်းခြေ ကို ပိုင်ဆိုင်သည်လည်းဖြစ်ရာ မုန်တိုင်းဒဏ်ကို အမြဲတမ်း ရင်ဆိုင်နေရသည့် ပြည်နယ်ဖြစ်သည် ။
ထို့သို သဘာဝ အန္တရာယ်ဝန်းရံ ထားသည့် ရခိုင်ပြည်နယ် ကို ယခုနှစ်အောက်တိုဘာလ ၂၂ ရက်နေ့က လူရာပေါင်းများစွာသေဆုံးခဲ့သည့် အ၀ါရောင် အဆင့်ရှိ ဂီရိမုန်တိုင်းတခု တနာရီလျှင် မိုင်၁င၀ နှုန်းဖြင့်တိုက်ခတ်ခဲ့သည်။

ဂီရိဆိုင်ကလုန်းမုန်တိုင်းအလွန် မုန်တိုင်းသင့်ဒေသများသို့အပါတ် စဉ်သွားရောက်လေ့လာခဲ့ရာတွင် အစိုးရ၏ ဟန်ရေးပြလုပ်ရပ်များစွာနှင့် အတိဒုက္ခ ရောက်နေကြသောမုန်တိုင်းသင့်ပြည်သူများ၏ ရင်တွင်းစကားများ မိမိလေ့လာတွေ့ရှိချက်များကို ခရီးသွားမှတ်တမ်းအဖြစ် ဖော်ပြလိုက်ပါသည်။စာရေးသူသည် ကယ်ဆယ်ရေ.အဖွဲ့သားများနှင့်အတူ မုန်တိုင်းသင့်ဒေသများသို့ သွားရောက်လိုက်ပါခဲ့သည်။ ယင်သို့သွားရောက်လေ့လာခဲ့ရာတွင် အိပ်စရာနေရာ မရရှိခြင်း။ 
 စားစရာများမစားရခြင်းကိုလည်း ကြုံတွေ့ခဲ့ရသည်ဆိုလျင် ယုံနိုင်စရာ မဟုတ်ဟုထင်ကောင်းထင်နိုင်သည်။

ပြည်သူဒုက္ခပုံရိပ်များ

မုန်တိုင်အပြီး ရခိုင်တိုင်းရင်းသားတို့၏ ရင့်ဖွင့်စကားများသည် ကြေကွဲစရာ ၀မ်းနည်းစရာများနှင့် ပြည်သိပ်ခဲ့သည်။ ”အကျွန်ရို့မှာတခုလဲမဟိယာ၊ အိုးလဲမဟိယာ။ 
အိမ်လဲမဟိပါယာ။ ကယ်ဆယ်ရွီးဆိုပြီးလာရေ ဓာတ်ပုံရိုက်ကတ်တေ၊၊
ပြီးကေသူရို့ကိုပြန်ပြီးလိုက်ရရေ၊ ယင့်စွာတိကို တီဗွီ မှာလွှင့်ရေ ကယ်ဆယ်ရေဆိုစွာ ရက်စက်ရေလူတိပါ။ အကျွန်ရို့ရွာမှာ နှစ်ယောက်သီရေ၊ အခြားရွာတိမှာ ၅၀လောက်သီရေလို့ ပြောကတ်ပါရေ။ ယင်းသီရေကိစ္စကို ရယကကို မယကကခေါ်ဗနာ ရွာမှာသီရေလူမရှိလို့ ပြောဖို့စွာခြိမ်းခြောက်ပါရေ။ အကျွန်ရို့စွာအခုဆိုကေ ငှက်ပျောပင်တိကို ဟင်းချက်စားပနာ နီရပါရေ။ 
 ငါးပိမရှိ. ငါးလဲ မရှိ။ ပုဂ္ဂလိက ကယ်ဆယ်ရေးတိလာမှ စားရပါရေ“ ဟုပေါက်တော မြို့နယ်မှာအိမ်ရှင်တဦး ရင်ဖွင့်သံဖြစ်သည်။

သူတို့ အခက်အခဲ

မုန်တိုင်းသင့်ဒေသမှ ကျေးရွာအချို့သည် သောက်သုံးရေအခက်အခဲကို ရင်ဆိုင်နေကြရသည့်အပြင် ပြန်လည်ထူထောင်ရေးတွင် အိမ်နှင့်အမိုးများလည်း အရေးတကြီး လိုအပ်ချက်ဖြစ်သည်ကို တွေ့ရသည်။
မြန်မာ့သတင်းစာများတွင် အလှူငွေလက်ခံရရှိသော သတင်းများကိုသာ ဝေေ၀ဆာဆာ ဖော်ပြထားသော်လည်း  အစိုးရ အဖွဲ့စည်းများက မုန်တိုင်းသင့်ဒေသသို့ ပေးချေမှုမှာ အနည်းငယ်သာဖြစ်ပြီး စစ်တွေ အပါအ၀င်တခြားဒေသများမှ လူမှု အဖွဲ့အစည်းများ၏ အကူအညီကြောင်းသာ အသက်ဆက်နေရခြင်း ဖြစ်ကြောင်းကိုလည်း မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသည်။

ဤသို့ အဖြစ်ဆိုးများနှင့်ကြုံရသေး

ထိုမျှမကသေးသောက်သုံးရေးရှားပါး ခြင်းကြောင်း ၀မ်းပျက်ဝမ်းလျောရောဂါ ဖြစ်ပွားလာမှုမှာလည်း တိုးလာခဲ့ရာ အစိုးရအဖွဲ့အစည်းများက လဲလှည့်မကြည့်ကြ။
အစိုးရမဟုတ်သည့် လူမှုကူညီရေးအဖွဲ့များကသာ ရှေးတန်းဆောင်ရွက်နေသည်ကို တွေ့မြင်ခဲ့ရသည်။
လက်ရှိ အချိန်တွင် ရွက်ဖျင်တဲမရ ရှိကြသေးသည့်အပြင် တာလပါတ်ရှာများကိုလည်း ဖြစ်သလို မိုးပြီး နေကြသည်။

ဟန်ရေးပြ  လုပ်ရပ်များ

ရွက်ဖျင်တဲများပေးထားသော်လည်း ယင်းတဲများမှာ ပေါက်ပြဲခြင်း မီးပေါက်ကျခြင်းစသည့် အပျက်အစီးများရှိပါ ကပေးလျော်ရမည်ဟု ပြောထားသဖြင့် မနေရဲကြသော တဲအလွတ်များကိုလည်း တွေ့ခဲ့ရသည်။
တစ်ရွာလျင် ရွက်ဖျင်တဲဆယ်ကိုးလုံးသာရှိပြီး ဟန်ပြသဘော ဆောက်ပေးထားကြောင်းလည်း  ဒေသခံများကပြောကြသည်။
ယင်းအတွက် ရန်ကုန်မှNGOတခုက ငွေနှစ်သိန်းခန့်ကုန်ကျမည့် ၀ါးအိမ်၁၂၀၀ကဆောက်ပေးရန် စီင်္စဉ်ဆောင်ရွက်နေတာကိုလည်း တွေ့ခဲ့ရသည်။
ရေတွင်းများတူးဖော်ရေး၊ အိမ်သာများဆောက်လုပ်ရေး အခမဲ့ဆေးပေးခန်းများ ဖွင့်လှစ်နိုင်ရေးအတွက်လည်း NGO တခုကဆောင်ရွက်နေသည် သို့တိုင်အောင် လုပ်ငန်းဆောင်ရွက်မှုများတွင် အစိုးရ ကန့်ကွက်မှု နှောက်ယှက်မှု များလည်း ရှိလာမည်ကို စိုးရိမ်နေကြသည်။

အလုပ်အကိုင်အခွင့် အလမ်းများသည်

မုန်တိုင်းသင့်ဒေသများသို့ စားနပ်ရိက္ခာ ထောက်ပံ့ပေးနေကြသော်လည်း ရေရှည်တွင်မည်သို့ လုပ်ကိုင်ပေးကမ်းကြမည်ကို တွေ့လာကြသည်။
အလှူရှင်များအနေဖြင့်လည်း အမြဲတစေ လှူနိုင်ရန်အတွက်မှာ မဖြစ်နိုင်ချေ။
  သို့ကြောင့် အခြေခြံစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန် ငါးဖမ်းစက်လှေများ ပိုက်များကိုလည်း ပေးလှူနိုင်ရန် လိုအပ်လျက်ရှိသည်။ အစိုးရကမူ ပေါက်တောနှင့် မြေပုံမြို့နယ်တို့တွင် လှေများဆောက်လုပ်လျက်ရှိသော်လည်း ဟန်ပြအတွက်သာ ပြထားရန်ဖြစ်သည်။ မုန်တိုင်းသင့်ကျေးရွာများသို့  ပေးလှူခြင်း မရှိသေးသည်ကို တွေ့ရသည်။

ဂီရိကြောင်း ၀မ်းစာအိုးကွဲသည်မှာ

မုန်တိုင်းကြောင်း လှေအစီး ၁၅၀ ခန့် ပျက်စီးသွှားခဲ့ရာ စက်လှေ အစီး ၁၀၀ကျော် ပါဝင်ခဲ့ကြောင်းလည်း စာရင်းအရသိရသည်။ သို့သော်လည်း ပြည်တွင်းဂျာနယ်များတွင် လှေအစီး (၇၀) ခန့်သာပျက်စီးခဲ့ကြောင်း ဖော်ပြသည်။ 
ထို့အပြင် လူ၆ သောင်းခန့်အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရသည်ဟု ဖော်ပြထားခြင်းမှာ သတင်းမှားများဖြစ်ကြောင်း စင်စစ်တွင် လူတသိန်း ခွဲခန့်အိုးမဲ အိမ်မဲ့ဖြစ်ခဲ့ရကြောင်းပုဂ္ဂိလက စာရင်းအရ သိရသည်။
မြန်မာအစိုးရသည် ရခိုင်ပြည်နယ်မှ မုန်တိုင်းသင်းဒေသများ၏ အကြောင်းကို ရေးသားဖော်ပြရာတွင် သုံးပုံတပုံခန့်သာဖော်ပြခဲ့ပြီး စာရင်းဖျောက်ဖျက်သည်က့အပြင် ပြည်တွင်း ဂျာနယ်များတွင်လည်း သတင်း အနည်းငယ်သာဖော်ပြပေးထားခြင်း  ရန်ကုန်တိုင်း နာမည်ကြီး သတင်း ဂျာန.ယ်တစောင်မှ တာဝန်ရှိသူတဦးကပြောသည်။
ပေါက်တော၊မြေပုံ၊ ကျောက်ဖြူ သုံးမြို့နယ်အနက် မြေပုံမြို့နယ်မှာ  အပျက်အစီး အများဆုံးဖြစ်ရာ ကယ်ဆယ်ရေး အဖွဲ့များကလည်း မြေပုံသို့ အဓိကသွားရောက်ကြသည် ကိုတွေ့ရသည်။
ယင်းအနက် တချို့သော ကယ်ဆယ်ရေး အဖွဲ့များသည် သွားလာရန်ခက်ခဲ့သော ကျေးရွှာများသိုသွားရောက်ကာ ပစ္စည်းအထောက်အပံ့များကို ကျေးရွာသားများလက်ထဲ အရောက် ပေးကမ်းခဲ့သည် ကိုတွေ့ခဲ့သည်။ တချို့နယ်ဘက်များတွင် ဝေးလံသည့်အတွက် အကူအညီ ပေးရေးလုပ်ငန်းများမှာ ထင်သလောက် မရောက်ဖြစ်နေသည်။

ဆန္ဒ အမှန်ကို ဖော်ထုတ်ပြရလျှင်

 ငရီချိုင်ကျေးရွာသားများ အဆိုအရ အစိုးရအဖွဲ့စည်းများသည် ပေးကမ်းမှု မရှိကြောင်း  ပုဂ္ဂိလက ထောက်ပံ့မှု ဖြင်သာ ရရှိနေခြင်းဖြစ်ကြောင်းဆိုသည်။
“ ပြည်သူတိကို ပြည်သူတိက လာပနာ ကူညီကြလို အသက်ရှောင်ပါရေ၊ အစိုးရအဖွဲ့စည်းကို အားကိုဖိုဆိုကေ ငတ်လို့သီစွာကြာဗျာယ်။
ယင်းကြားထဲမှာ လုပ်အားပီးက လာသိမ့်ရေ။
အခု အကျွန်ရို့ဘ၀ရေ ရှင်လျက် သီနီရပိုင် ဖြစ်နီပါယာ။ လုပ်ကိုင်စားသောက်ဖို့လည်း တခုလဲ မရှိယာ။ ပိုက်ချရေ လှေ တစင်းရှိစွာလဲ ပျက်စီးလားယာ။
အိမ်ကလဲ မြင်ရေပအတိုင်းရာ အကာ မရှိ၊ မြီပေါ်မှာ ကြမ်းစုပ်ခင်းပနာ နှီရပါရေ။
နီကာလုံလောက်ပါရာ။ 
မိုးမလုံပါ၊ မိုး မရွာပါစီကေ့ လို့ရာဆုတောင်းနီရပါရေ။
ဒေစပ်ကြားမှာ ရခိုင်ပါတီကို မဲထည့်ရမလားဆိုပြီး မင်းရို့ရွာသားတိ သတိနန့် နီလို့ လည်း ခြိမ်းခြောက်လူတိ ကလဲ ရှိပါရေ။ ဆုပ်လဲစူးစားလည်းရူး ပါ’’မျက်ရည် စက်လက် နှင့်  အမျိုးသမီး ကြီးတဦး  ဖွင့်ဟသံပင်----။

သူတို့၏ အနာဂါတ်သည်

မျှော်လင့်ချက်ကင်းမဲ့သော မုန်တိုင်းသင့် ပြည်သူများအနေဖြင့် ကောက်ရိုးတမျှင်သည်ပင်လျှင် အားထားရာဟု ထင်မြင်နေချိန်မှာဒေသဆိုင်ရာ အာဏာရှင်များ၏  နိုင်ထက်စီးနင်းစကားများ ဥပဒေအပြင်ဘက်မှလုပ်ရပ်များသည် မည်မျှ ရှိနေပုံကို တွေးတော့မိသည်။ 
ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့အရောကသွားနေသော အစိုးရ၏ မူဝါဒသည် အောက်ခြေ ရှိ မယက ၊ခယက စသော အပေါ်ဖားအောက် မိ လူမျိုးများလက်ထဲကရုန်းထွက်ဖို့ ကြိုးစားနေကြသော ပြည်သူများ အနေဖြင့် ဆက်လက်ခရီးသွားရမည်မှာမှုန်ဝါးနေခဲ့လိမ်မည်ဟု တွေးမိပါသည်။

အစိုးရ ထောက်ပံ့ရေး ပစ္စည်းများသည် လက်ဆုက်လက်ကိုင် ပြနိုင်သည့် အနေအထား၌ ပင်ရှိမနေခဲ့ သည်မှာအထင် အရှား ပင်ဖြစ်လေသည်။  ဖြစ်သင့်သည် များဖြစ်မလာခဲ့ သော ဘ၀ နေ ရောင်ဝင် ခပ်မှိန်မှိန်တွင်  အနိုင်ထက်ယူလိုသော လူသားများ၏ လုပ်ရပ်သည် မုန်တိုင်းသင့် ပြည်သူများ  အတွက်  ဆန့်ကျင်ဘက်ဖြစ်လာခဲ့သည်။
ပြည်သူအပေါ် တွင်တာဝန်ရှိသည့် အစိုးရတရပ်သည် မုန်တိုင်းသင့် ပြည်သူများအတွက် ပြန်လည် နေရာချထားရေးကို စနစ် တကျ လုပ်ဆောင်သင့်သည်။  မုန်တိုင်းသင့် ပြည်သူများမှာမူ   သိုလှောင်ထားခဲ့သည့် ဝမ်းစာများလည်း မရှိတော့ ချေ။
နဂိုကတည်းက တိုင်းရင်းသားအပေါ်  အလေးမထားခဲ့သလို   ပြည်သူတို့၏ စီးပွားရေးအခွင့် အလမ်းကိုလည်း လုပ်ဆောင်ခွင့်မပေးခဲ့ချေ။
လက်ရှိ အနေအထားတွင် မုန်တိုင်းသင့် ပြည် သူ အများစု အတွက် အနာဂါတ်ကို တာာဝန်ရှိပုဂ္ဂိုလ်များက စနစ်တကျ လုပ်ဆောင်ပေးသင့်သည်။

(မှတ်ချက်= ရခိုင်ပြည်နယ်၌  ၁၈၄၄၊ ၁၈၂၆၊ ၁၉၃၀၊  ၁၉၃၆ ခုနှစ်များတွင် မုန်တိုင်းများသည် ဆိုးဝါးခဲ့သလို ၁၉၆၈ ခုနှစ် အတွင်းတိုက်ခတ်ခဲ့သည့် မုန်းတိုင်းကြောင်း လူထောင်ပေါင်းသေကြေခဲ့သည်။ ၂၀၀၄၊၂၀၀၈-ခုနှစ်များတွင် လည်းရခိုင်တွင်မုန်တိုင်း များ တိုက်ခတ်ခဲ့သည်။)

ရခိုင်ရိုးမဆိုဒ်မှ ကူယူထားပါသည်။

Wednesday 24 August 2011

၁၉၆၇ သြဂုတ် ၁၃-ရက် စစ်တွေ ဆန်ပြဿနာ ၄၄-နှစ်မြောက်နိနန့် လက်ရှိရခိုင်ပြည်

တင်ပြသူ= ခိုင်လင်းသစ်
ရခိုင်ရိုးမ။  ။ August 23, 2011
မြန်မာတပြည်လုံး ကိစ္စမဟုတ်ပါလို့ဆိုရေ အကြောင်းပြချက်နန့်  “သြဂုတ်လ ၁၃ ရက် စစ်တွေ ဆန်ပြဿနာနိန့်”အား တိုင်းရင်းသား အရေးကို အမြဲတမ်း ခေါက်ထား ဘေးဖယ်ထားလေ့ရှိရေ လူတိက အသိအမှတ် ပြုသည်ဖြစ်ဖြစ်၊ မပြုသည်ဖြစ်ဖြစ်၊ သမိုင်းတင်သည်ဖြစ်ဖြစ် မတင်သည် ဖြစ်ဖြစ် ရခိုင်ရို့ကတော့ခါ လုံးဝ မိဖျောက်ပလိုက်လို့ မရရေ နိန့်တနိန့် ဖြစ်သည်။

ဇာသူ အသိမှတ်ပြုပြု မပြုပြု ရခိုင်ရို့က အလေးနက်ထားပနာ မှတ်တမ်းတင်ထားရဖို့ ဖြစ်သည်။
ရခိုင်လူမျိုးသည် ကိုယ့်တိုင်း ကိုယ့်ပြည်နန့် နိန်ရေ ကာလတသျှောက်မှာ အမျိုးနန့်သီလကို စောင့်ထိမ်းခသည်ဖြစ်ဖြစ် မစောင့်ထိမ်းခသည်ဖြစ်ဖြစ် လွန်ခရေ ၄၄-နှစ် သြဂုတ်လ ၁၃ ရက်နိန့် ၀န်းကျင်က ဖြစ်ပျက်ခရေ အငတ်ဘေးဒဏ်ပြဿနာမျိုးကို ဇာရခိုင်သမိုင်း မှတ်တမ်းမှာလေ့ မရှိခဆိုစွာကို တယောက်လည်း ငြင်းလို့ မရပါ။

တိုင်းပြည်တပြည်ကို မတရားသောနည်းလမ်းနန့် ၀င်ရောက်တိုက်ခိုက် သိမ်းပိုက်ခရေ စစ်ဘုရင် တယောက် အနိန်နိန့် ယင်းသိမ်းပိုက်ခံရရေ တိုင်းပြည်ထဲ့က တန်ဘိုးရှိသမျှ အရာအားလုံးကို သိမ်းယူလားရေ ဆိုစော်ကိုတော့ခါ တကမ္ဘာလုံးက စစ်ဘုရင်တိ၏ လုပ်နည်း အတိုင်းဖြစ်ရေအတွက်နန့် ကျနော် စိချေလောက် နားလည်ပီးလို့ရပါရေ။

ယကေလည်း ကိုယ်ခံယူထားရေ ဘာသာ၏ အထွဋ် အမြတ်ထားရေ အသက်မရှိရေ ရုပ်ထုကိုတောင်မှ လေးပေါင်လေးလက် ဖျက်ပနာ ယုပ်မာခရေ စစ်ဘုရင်တယောက်၊ ယင်းဘာသာတရား၏ နှုတ်ခပတ်တော်တိကို မှတ်တမ်း တင်ထားရေ ကြီးပိဋကတ်တိနိန့် တခြား ပီစာ ပုရပိုက်စာတိကို အရည်ဖျော်လိုကဖျော် မီးတိုက်လိုက မီးတိုက်နန့် ယုတ်မာရက်စက်တေ စစ်ဘုရင်တယောက်၏ ဓါးမိုးအောက်မှာ ရခိုင်ပြည်သူတိ ဇာပိုင် အနိန်အထားနန့် ရှိခကတ်လီဖို့လည်းဆိုစွာကို တွေးကြည့်မိတိုင်း ကျနော် အကြီးအကျယ် တုန်လှုပ်မိပါသည်။

ယင်းစစ်ဘုရင် ဘိုးတော်မောင်ဝိုင်း၏ အနွယ်ဝင်လူတစုဖြစ်ခရေ ဗိုလ်နေ၀င်း အစိုးရဆိုစွာလဲ ဇာထူးခပါလို့လဲ…။ ဗိုလ်နေ၀င်း အာဏာသိမ်းရေ ဆိုခါလောက်ကပင် ပင်လုံစာချုပ်အပါအဝင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုရေ သဘော၊ တိုင်းရင်းသားရို့၏ ကိုယ်ပိုင် လွတ်လပ်ခွင့်ဆိုရေ သဘောတိကို ပြောင်းပြန်လှန်ချင်လို့ အာဏာသိမ်းယူခရေ သဘော မဟုတ်ပါလား…။ ယင်းပိုင် ဆန္ဒဆိုးတိနန့် အုပ်ချုပ်ထားရေ စစ်ဝါဒီတယောက်၏ အာဏာစက်ဝိုင်းထဲမှာ လူလာဖြစ်ရရေ ရခိုင်တိအတွက် ရခိုင်ပြည် တိုးတက်ရေးဆိုစော်ရေ တစုံတရာ လုပ်ဆောင်ခွင့်မရခရေအပြင် ထမင်းငတ်ကိန်းနန့်ရာ ကြုံခကတ်လီရသည်။

ရခိုင်ပြည်သည် နယ်မြီအားဖြင့် လူဥူးရေ အလွန်အကျွမ်ထူထပ်သော နယ်မြီတခု မဟုတ်ပါ။ ဘင်္ဂလားပင်လယ်အော်နန့် မိုင်ပေါင်းမျာစွာ ထိစပ်နီသည်။
ရခိုင်ပြည်မှာ ရှိရေ စပါးစိုက်ခင်း လယ်မြေတိရေ ရခိုင်ပြည်သူတိအတွက် ဝမ်းစာရေးအတွက် ဖုံလုံရုံမက ပြည်ပပို့ကုန်အဖြစ်တောင် အကျိုးဖြစ်ထွန်းရေဆိုစွာ မြန်မာ တနိုင်ငံလုံးမက ကမ္ဘာကလဲ လက်ခံသည်။
ကုလားတန်မြစ်၊ လေးမြို့မြစ်၊ နတ်မြစ်၊ မယူမြစ် စရေ မြစ်ကြီးတိအပြင် တခြားမြစ်ကြီး မြစ်ငယ်ပေါင်း အမြောက်အများနိန့် စီးဆင်း ဆန်တက်နီပြီးကေ ရိုးမတောင် မေယုတောင် စသည်ဖြင့် တောင်တန်းကြီး ငယ်ရို့နိန့် ဖွဲ့စည်းထားသည်။ ရာသီဥတုအားဖြင့်လည်း နွီ၊ မိုး၊ ဆောင်းအားဖြင့် အားလုံးပြည့်စုံသည်။
ယင်းပိုင် အဖက်ဖက်က ပြည့်စုံယင့်သားနန့် လွန်ခရေ ၄၄ နှစ်ကာလ ၀န်းကျင်လောက်က ရခိုင်ပြည်သူတိ ဇာကြောင့် အငတ်ဘေးနိန့် ကြုံခရစွာပါလဲ…။ 

ရခိုင်ပြည်သူတိ ပျင်းလို့ အလုပ်မလုပ်ကတ်ဘဲ အိပ်နီကတ်လို့လား…။
တကယ်လို့ရာ ရခိုင်ပြည်သူတိ ပျင်းလို့ အလုပ်မလုပ်ပဲ အိပ်နီခကတ်ကေ ရခိုင်ဒေသက ဆန်စပါးတိကို နိုင်ငံခြားသို့ တင်ပို့လို့ ရနိုင်လောက်အောင်ထိ ထွက်နီခစရာအကြောင်း မရှိပါ။
ယင်းအငတ်ဘေးနိန့် ရင်ဆိုင်ရခြင်းသည် အားမနာတမ်းပြောရဖို့ဆိုကေ လူမျိုးရေးအရ အကွက်ကျကျ နှိမ်ထားခလို့ရာ ဖြစ်သည်။

ဆန္ဒပြရာမှာ လက်နက်မဲ့ ပြည်သူ သုံးရာကျော် သီဆုံးခကေလည်း ဇာသူက ပစ်သတ်တေ ဇာသူက အမိန့်ပီးခရေ ဆိုစွာကိုလည်း ဒေနိထက်တိုင် မဖေါ်ထုပ်ပါ။ 
ဖေါ်ထုပ်ဖို့ အတွက်လဲ ရခိုင်လူမျိုးတိမှအပ မည်သည့် လူ့အခွင့်ရေး အဖွဲ့ကလဲ မတောင်းဆိုဖူးသိမ့်ပါ။ မဖေါ်ထုပ်ရေအပြင် ဒေ အကြောင်းအရာတိကို လူတိဘားမှာ ပါးစဟလိုက်စွာနိန့် ဒီမိုကရေစီအရေးနိန့် လူ့အခွင့်ရေးကို လုပ်နီပါရေဆိုရေလူတိကတောင်မှ “ဟော….ရခိုင်တွေက သိပ်ပြီး အတ္တကြီးတာပဲ”လို့ ပြောရေလူကပြော “လက်တဆုပ်စာ အရေးကိုချည်း ကြည့်လို့မရဘူး၊ တနိုင်ငံလုံး အရေးကို ဦးစားပေးသင့်တယ် ကိုယ်လူမျိုးကိုချည်း သိနေရင် ဒီမိုကရေစီနဲ့ အလှမ်းဝေးသွားမယ်”လို့ ဆိုစွာတိကိုလည်း နားကြားမဆန့်အောင် ကြားရပါသည်။

ဒေပိုင် ဒီမိုကရေစီသ္မားတိရှိမှာ လက်သီးလက်မောင်း တကားကားနန့် ရခိုင့်နိုင်ငံရေးသ္မားတချို့ကိုမြင်ရလို့ ကျနော်မကြာမကြာ ဝမ်းနည်းမိပါသည်။
ရခိုင်ဆိုစွာ အတ္တ၀ါဒီသ္မားတိလား…၊ မြန်မာ့နိုင်ငံရေးမှာ ဘေးထွက်ပနာဂျေးယာ အလုပ်လုပ်တေ လူမျိုးလား…၊ အသျှောင်ခိုသ္မားတိဂျေးယာလား…ဆိုစွာကို လေ့လာဆန်းစစ်ဖို့လိုပါသည်။ 
တကယ်လို့ ရခိုင်တိအနိန်နန့် မိမိအမျိုးတခုတည်း အတွက်ရှာ အလုပ်လုပ်ခဖို့ဆိုကေ မြန်မာတနိုင်ငံလုံးမှာ ရခိုင်က အယင်လွတ်လပ်ရေး ရလီခဖို့ဆိုစွာကို ကျနော်ရဲရဲ ဝံ့ဝံ့ ပြေရဲပါသည်။ ဇာအတွက်ကြောင်းလဲဆိုကေ မြန်မာ့နိုင်ငံရေးကို ပဌမဆုံး မျက်စိဖွင့်ပီးခသူမှာ ရခိုင်လူမျိုး ဆရာတော် ဥူးဥတ္တမ ဖြစ်နိန်ခလို့ပါ။

ဆရာတော်သည် ကိုယ်ကျိုးအတွက် တခုကိုလဲမရယူခပါ။
နောက်ဆုံး ပျံလွန်တော်မူရေအချိန်မှာတောင် ခေါင်းချဖို့ နီရာချေတခုပင် မရှိခသည့်အပြင် ဆွမ်းငတ်ပနာ လမ်းဘေးမှာ နိဂုံးချုပ်ခရသည်။
ယင်းပိုင် မြန်မာ့နိုင်ငံရေးမှာ ရခိုင်တိက ကျိုးစွန့်ပနာ အလုပ်ခလို့လားတော့ မသိပါ။ 
ဒေဂနိအချိန်မှာတော့ “ရခိုင်တွေက သိပ်အတ္တကြီးတာပဲ၊ ကိုယ်လူမျိုးတခုတည်းကို သိကြတယ်”လို့ ကျေးဇူးတင်စကား အလှပလှချေတိကို ကြားနိန်ရပါဗျာယ်။

တိုင်းပြည်ကို တသွီးတည်း တသားတည်း ကျစီချင်ကေ သို့တည်းမဟုတ် ပြည်ထောင်စု အစစ်အမှန်ဖြစ်စီချင်ကေ စစ်အုပ်စုအနိန်နန့် ပြည်သူလုထုကို သွီးခွဲဆက်ဆံရေးကို စွန့်လွတ်ရပါလိမ့်မေ။ တန်းတူအခွင့်အရေးကို ဖော်ဆောင်ရပါလိမ့်မေ။
ပါးစကရာ ပြောနိန်ပြီးကေ တိုင်းရင်းသားဒေသတိမှာ လားပနာ ကောင်းကျိုးတစုံတရာကို မလုပ်ဘဲ မုဒိန်းကျင့်ခြင်းသည် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအလုပ် မဟုတ်ပါ။ 

ရရာပစ္စည်းတိကို လုယူခြင်းသည် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအလုပ် မဟုတ်ပါ။
ဌာနဆိုင်ရာ အသီးသီးမှာ ထိပ်ပိုင်း နီရာတိကို ယူခြင်းသည် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအလုပ် မဟုတ်ပါ။
လာဘ်စားခြင်းနန့် ပြည်သူလုထု မျက်ရည်စာတိကို အရသာရှိရှိ စားနီခြင်းသည် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအလုပ် မဟုတ်ပါ။
ဒေဂနိ ယင်းအရေးအခြင်း၏ ၄၄ နှစ်မြောက်တာကာလတိုင်အောင် ရောက်လာကေလေ့ အပြောင်းအလဲ တစုံတရာ မဟိဘဲ ရခိုင်ပြည်သူဘဝမှာ ပိုလို့ပင် ဆိုးရွားလာသည်ကို တွိနီရသည်။

လယ်ယာမြီ ရှိနီယင့်သားနန့် လယ်ယာမြီအတွက် ရင်းနှီးမြုတ်နှံမှု မပြုနိုင်၊ မြစ်ချောင်းတိ ပေါများပါယင့်သားနန့် ယင်းမြစ်ချောင်းတိမှာ ပြည်သူတိ ရှာဖွီစားသောက်ခွင့်မဟိပါ။
၃၀၊ ၇၊ ၂၀၁၁ ရက်နိက ကျောက်တော်မြို့နယ်မှာ အသက် ၅၃ နှစ် အရွယ် လူတယောက် ကိုယ့်ကိုကိုယ် ကြိုးတွဲချ သတ်သီလားရေလို့ နေရိဉ္ဖရာ သတင်းတပုဒ်မှာ ဖတ်လိုက်ရသည်။
ယင်းအပြင် လွန်ခရေ တပတ်လောက်ကလည်း ဂီရီမုန်တိုင်သင့်ခံရရေ ဒေသတိမှာ ထမင်းငတ်နီရေ ပြည်သူတိရှိနိန်ဗျလ်လို့ ကြားလိုက် ဖတ်လိုက်ရသည်။

ဒေချင့်စွာ ပြယုဂ်တခု နှစ်ခု လောက်ရာရှိပါသိမ့်ရေ။
ဒေပိုင်ကိုယ့်ကိုကိုယ် သတ်သီမှုတိ စားစရာ သောက်စရာ ပြတ်လပ်နီကတ်တေ ရခိုင်ပြည်သူတိ ဇာလောက် ဇာလောက် ရှိလီကတ်ပါဖို့လဲ။
ကောင်းကောင်း ဝမ်းနည်းဖို့ ကောင်းပါရေ။
လူဆိုစွာ ကိုယ့်အသက်သီဖို့စွာကို ဇာလောက်ကြောက်တေလဲဆိုစွာ အားလုံးသိပြီးသားပါ။

ယင်းပိုင် သီဖို့စွာကို ကြောက်ယင်းသားနန့် အငတ်ဘေးဒဏ်ကို မခံနိုင်လို့ ကိုယ့်ကိုကိုယ်တောင် သတ်သီရဲရေ အဆင့်ကို ရောက်နီကတ်ဗျာလ်ဆိုကေ ရခိုင်ပြည်သူတိ၏ စီးပွါးရေး၊ ပညာရေး၊ ဘာသာရေးနန့် လူနီမှု အဆင့်တန်း ဇာအနိန်အထားကို ရောက်နီကတ်ဗျာယ်လဲဆိုစွာကို သိနိုင်ပါသည်။
ယင်းအပြင် ကမ္ဘာ့ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) ဌာနနန့် အမျိုးသားစီမံကိန်းနန့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာနရို့က ပူးပေါင်းပြီးကေ အိမ်ထောင်စုတိ၏ စားဝတ်နီထိုင်ရေး ခြေအနေ ဘက်စုံ လေ့လာမှု စစ်တမ်းအရဆိုကေ ရခိုင်ပြည်ဆိုစွာ မြန်မာ တနိုင်ငံလုံးမှာ အဆင်းရဲဆုံး ဒုတိယဆုကို ပိုင်ဆိုင်ထားသည်။
ပြည်သူတိအနိန်နန့် ဇာလောက်ထိ ဆင်းရဲဒဏ်ကို ခံနီကတ်ရလည်းဆိုကေ ဒေသတင်း အချက်အလက်တိက ပြသနီပါသည်။
ဒေဂနိ ပြည်ပမှာ လာပနာ ရခိုင်တိ ကျွန်လာခံနီကတ်စွာရေ  ပျော်ကြီးကျလို့ မဟုတ်ပါ။
နိုင်ငံရေးမှာ ပါဝင်လှုပ်သျှားနီကတ်တေ လူတချို့ဆိုစွာလည်း ဗမာလူမျိုးတိနန့် အစိုးရကို မုန်းတီးလို့ မဟုတ်ပါ။ 
ဆင်းရဲနွမ်းပါလို့ ပြည်ပမှာ လာပြီးကေ အလုပ်လုပ်နီစွာ ဖြစ်တေပိုင် မွီးရပါ အခွင့်အရေးတိ ဆုံးရှုံးနီလို့ရာ မိသားစုကိုပစ် တိုင်းပြည်ကို စွန့်ပစ်ပြီးကေ အဆင်းရဲခံပနာ ကျင်လည်နီကတ်ရစွာ ဖြစ်သည်။
အမှန်ရာ မဟာဗမာလူမျိုးကြီးဝါဒကို လက်ကိုင်ထားရေ လူတစုက လွန်ခရေ နှစ်ပေါင်း ခြောက်ဆယ်ကျော် ကာလကပင် သဘောထားမှန်ခကတ်ဖို့ ဆိုပါကေ ဒေဂနိရင်ဆိုင်နိန်ကတ်ရရေ ရခိုင်ပြည်သူတိရာမဟုတ် တခြားလူမျိုးတိလည်း ဒေပိုင် ဝမ်းနည်းဖွယ်ရာ ဖြေရှင်းလို့ မရနိုင်လောက်တေ ပြဿနာ သောင်းခြောက်ထောင်တိ ဖြစ်လာစရာ အကြောင်း မဟိပါ။

လွန်ခရေ ဇူလိုင်လ ၂၉ ရက်နိက အရပ်သား အစိုးရ အရီခြုံ စစ်အာဏာရှင်တယောက်ဖြစ်တေ သမ္မတ ဦးသိန်းစိန်က ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်နယ်အစိုးရရုံး အစည်းအဝေး အခမ်းအနားနန့် သူရောက်ခရေ ရခိုင်ပြည် နီရာအနှံ့ အပြားတိမှာ “ကျဉ်းမြေင်းရေ ဒေသစွဲ လူမျိုးစွဲ မထားကေ့” ဆိုပနာ ပြောခရေလို့ သိလိုက်ရပါရေ။ 
ယင်ပိုင် ပြောကြားခရုံနန့် မပြီး။ စစ်အုပ်စု၏ ဝါဒဖြန့်သတင်းစာတိဖြစ်တေ မြန်မာ့အလင်း ကြေးမှုံစရေ သတင်းစာတိမှာလည်း စားလုံးအကြီးသန်လုပ်ပနာ ဖော်ပြလိုက်ပါသိမ့်ရေ။
ရခိုင်သားတိ ပြောနီဂျ စကားပုံချေ တခုနန့် ခရိုင်းရိုင်း ပြောရဖို့ဆိုပါကေ ချီးစိုက်သူထက် မြင်သူက ရှက်ဖို့တောင် ကောင်းပါရေကားယေ။ 

သူပြောခရေ အတိုင်းဆိုကေ ရခိုင်တိက ကိုယ့်ဒေသ ကိုယ့်ယှိဉ်ကျေးမှု တိုးတက်ရာ တိုးတက်ကြောင်းတိကို တခုကိုလေ့ မလုပ်ကေ့ ရခိုင်ပြည်က ထွက်သမျှ သယံဇာတတိနန့် အကောက် အခွန်ဟူသမျှကို ငါရို့ယူမေ။ တကယ်လို့ လုပ်လာလို့ရှိခကေတော့ ဆရာကြီးဥူးဥူးသာထွန်းရို့ကိုပိုင် အပြတ်စီရင်မေ။ ဦးပညာစာရကိုပိုင် ထောင်ချပလိုက်မေ ဆိုရေ သဘောအတိုင်းပင် ဖြစ်နိန်ပါသည်။
ရခိုင်ပြည်မှာ ပြည်တွင်းစစ်ကင်းမဲ့နီခစွာ နှစ်ပေါင်း ၃၀ ၀န်းကျင်ရှိခပါဗျလ်။
ယင်းကာလအတိုးအတွင်းမှာ ရခိုင်ပြည်မှာ စီးပွါးရေးအရ ခိုင်ခိုင်မာမာ မတည်ဆောက်နိုင်ခစွာရေ ရခိုင်တိ လူမျိုးစွဲကြောင်းလား စစ်အုပ်စု၏ ဖိနှိပ်ထားမှုကြောင်းလားဆိုစွာကို မဟာလူမျိုးကြီးဝါဒရှင်တိ သိစီလိုပါသည်။

ရခိုင်ပြည်က ထွက်ရှိရေ ဓါတ်ငွေ့စရေ သယံဇာတိက အမေရိကန် ဒေါ်လာ ဘီလျှံနန့်ချီပြီးကေ ရရှိနီပါလျှက် ဇာဖြစ်လို့ ရခိုင်ပြည်သည် မြန်မာ တနိုင်ငံလုံးမှာ ဒုတိယ အဆင်ရဲဆုံးနီရာကို ရောက်လားရပါရေလဲ…။ 
ရခိုင်ပြည်က ဓါတ်ငွေ့တိ နိုင်ငံခြားကိုတင်ပို့ရလောက်အောင် ထွက်ရှိနီကေလေ့ ရခိုင်ပြည်မှာ ဇာဖြစ်လို့ မီးမရစွာလေး…။
ဒေပိုင် လူမျိုစွဲ မထားကေ့လို့ လာပြောခြင်းမှာ ကိုယ့်ရို့ အမှားကို သူများမှားနိန် သလိုလိုနန့် လာပြောခြင်းပင်ဖြစ်သည်။
နဂိုကပင် လုံးဝ မရှိရေ အရှက် အိနြေ္ဒတိကို သမ္မတ ဦးသိန်းစိန် လာရောက်ပြသရာကျနီရေလို့ ကျနော် သုံးသပ်မိသည်။
မဟာလူမျိုးကြီးဝါဒအရ ရခိုင်လူမျိုးကို နှိမ်ထားရေဆိုစွာကို ကျနော်အနိန်နန့် အထောက်ထားမဲ့ ပြောစွာမဟုတ်ပါ။
အနီးစပ်ဆုံး အပေါ်လွင်ဆုံး ဖြစ်ရပ်တခု နှစ်ခုလောက်ကို တင်ပြရဖို့ဆိုကေ (၁၄. ၅. ၂၀၁၁) နိန့်က ပြည်ထဲရေး ၀န်ကြီးဟောင်း ဦးမောင်ဦး ပေါက်တောမြို့ မြို့မိမြို့ဖတိနန့် လွှတ်တော်ကိုယ်စားလှယ်တိကို ခေါ်ယူတွိ့ဆုံခရေခါ ဇာတိပြောခပါရေလဲ…။ 
(အပြည့်အစုံကို ဒေနီရာ http://www.narinjara.com/detailsbur.asp?id=3332 နိန့် http://www.mizzimaburmese.com/interview/8018-2011-07-26-05-57-28.html ဒေနိန့်ရာတိမှာ လားကြည့်ပါရန်)။

ဒေ ဦးမောင်ဦးဆိုစွာ စစ်အုပ်စု၏ အရေးပါ အရာရောက်တေ လူတယောက်ဖြစ်တေ အတွက်နန့် တိုင်းရင်သား စည်းလုံးညီညွတ်ရေးလို့ ဇာလောက်ပင်ဟောင်နိန်စီကာမူ ဦးမောင်ဦး၏ ပြေစကားတိက မဟာလူမျိုကြီး ဝါဒ၏ သရုပ်မှန်တိကို တိုက်ရိုက်ညွန်ပြနီသည်ကို တွိရသည်။
နောက်တချက် အနီးစပ်ဆုံး တခုမှာ သမိုင်းသုတေသီ ဆရာတော် ဦးပညာစာရ၏ ဖြစ်ရပ်ကို သုံးသပ်ပြလိုပါသည်။

စစ်အစိုး၏ အလိုအရ ဆရာတော်သည် ပြစ်မှုတစုံတရာရှိရေလို့ ပြောချင်ကေလဲပြောပါဖိ။ ဆရာတော်မှာ ပြစ်မှုရှိစွာနန့် ဆရာတော် အနှိုက်နှိုက် အလလ ရှာဖွီစုဆောင်းထားရေ မှတ်တမ်းမှတ်ရာတိကို ဗမာပြည်သို့ ယူလားစရာအကြောင်း မဟိန့်ပါ။ 
ယင်းနည်းတူ ဆရာတော် စောင့်ရှောက်ထားရေ အချေ ၁၀၀ ၀န်းကျင်ကိုလည်း ဗမာပြည်ကို ခေါ်ယူလာစရာ အကြောင်းမဟိန့်ပါ။
ရခိုင်သမိုင်းတိကို ဗမာပြည်သို့ ယူလားရလောက်အောင် ရခိုင်လူမျိုးတိ ကမ္ဘာမှာ မျိုးမတုန်းသိမ့်ရေပိုင် အချေ ၁၀၀ ၀န်းကျင်လောက်ကိုလဲ စစ်တွေမြို့က မြို့မိမြို့ဖတိအနိန်နန့် ကျေးမွေးနိုင်ပါသည်။
ကျနော် နောက်ဆုံးအနိန်နန့် တင်ပြချင်စွာက ဗမာခေါင်းဆောင်တိရေ ရခိုင်ပြည် ကြီးပွါးရေးအတွက် အယင့်အယင်ကလဲ တခါလဲ မလုပ်ခရေပိုင် ဒေဂုလက်ရှိအချိန်မှာလဲ ကောင်းကျိုးအတွက် လုပ်ဆောင်ချက်ဆိုလို့ ကိုင်ပြစရာ တခုလဲ မရှိပါ။ 

နောက်နောင်လည်း လုပ်လိမ့်မေ မဟုတ်ပါ။
ယင်းကြောင်း ဒေဂနိ ရခိုင်ပြည်သူတိ ဒုက္ခခံစားနီကတ်ရရေ အကြောင်းနှစ်ချက်မှာ တဖက်က မဟာလူမျိုးကြီးဝါဒရှင်တိ လူမျိုးရေးအရ အကွက်ကျကျ ဖိနှိပ်ထားလို့ ခံစားနီကတ်ရစွာ ဖြစ်တေပိုင် တဖက်မှာ ရခိုင်ဂေါင်းဆောင်တိ ကိုယ့်တိုင်းပြည်ကို ပြန်ပနာ အရမယူနိုင်ကတ်သိမ့်လို့ သို့တည်းမဟုတ် မိမိရို့ ကံကြမ္မာကို မိမိရို့ကိုယ်တိုင် ဖန်တီးခွင့်မရသိမ့်လို့ ဒုက္ခခံစားနီကတ်ရခြင်း ဖြစ်သည်။

ယကေ ရှိကရခိုင့်ဂေါင်းဆောင်တိ၏ အားနည်းချက် အဖုံဖုံကြောင့် လက်ရှိအချိန်မှာတောင် ဒေပိုင်အနိန်အထားနန့် ကြုံတွိ့နိန်ကတ်ရကေ အသက် ၂၀ ကျော် ကျနော်ရို့နောက်ကွယ်မှာ လူလာဖြစ်ဖို့ အနာဂတ် ရခိုင်လူမျိုးတိ၏ ကြုံတွိလာရဖို့ ကံကြမ္မာတိကို စိုင်းစားယင်း ကျနော့်၏ တင်ပြချက်ကို နိဂုံးချုပ်လိုက်ရပါသည်။

Tuesday 23 August 2011

ဝါတွင်းကာလနန့် ရခိုင်ဓလိ ရခိုင်အငွိ

ရခိုင်ရိုးမ။      ။ August 23, 2011     ရွှေမျိုး-တင်ပြသည်
“မှတ်သားမြဲသို၊ ၀ါဆိုကရကဋ်၊ နေခြည်ပတ်က၊ စိတြနှင့်၊ ဒေ၀နတ်စက်၊ ပုန်းညက်ပွင့်မြဲ၊ ပဉ္စင်းပွဲလျှင်၊ သဲသဲသိမ့်အောင်၊ သန်ခေါင်ချိန်မှန်၊ ပြုဗ္ဗာသာ၌၊ ဆဒ္ဒန်တာရာ၊ ရုပ်ဝါထူးချွန်၊ လယ်ပုစွန်ဟု၊ ရိပ်မှန်ဖ၀ါး၊ သုညားတွက်ကြုံး၊ နာရီဆုံးရှင့်၊ နေ့သုံးဆယ့်ခြောက်၊ ညရောက်စောဝီ၊ ရင့်ကျူးချီ၏ ။”

အထက်က ရတုမှာ မြောက်ဦးခေတ် ရခိုင်စာဆို ပညာဟိသုခမိန်အမတ်ကြီး မဟာပညာကျော် (အေဒီ- ၈၇၀ ခန့်မှ အေဒီ- ၉၆၀ ခန့်)၏ တစ်ဆယ့်နှစ်လရာသီရတုမှ ၀ါဆိုလကိုဖွဲ့ဆိုထားစွာ ဖြစ်ပါသည်။
အမတ်ကြီးမဟာပညာကျော်ရေ ရခိုင်ရို့ဝါတွင်းကာလ၏ အ၀င်လဖြစ်တေ ၀ါဆိုလကိုဖွဲ့ဆိုရာမှာ ရာသီမှာ ကရကဋ်ရာသီဖြစ်ကြောင်း၊ ရာသီရုပ်မှာ လယ်ပုစွန်ဖြစ်ကြောင်း ၊ ရာသီပန်းမှာ ပုန်းညက်ပန်းနန့် ရာသီပွဲမှာ ပဉ္စင်းခံပွဲဖြစ်ကြောင်း ဖွဲ့ဆိုထားပုံတိမှာ ပီပြင်လှပါသည်။

ဝါဆိုလမှာ ဗုဒ္ဓမြတ်စွာဘုရားပညတ်တော်မူခရေ ၀ါတွင်းကာလ၏ ပထမဦးဆုံးဝင်ရောက်တေလဖြစ်သည်။ 
ထေရ၀ါဒဗုဒ္ဓဘာသာဝင်ရခိုင်လူမျိုးတိသည်  ဗုဒ္ဓ၏ ထူးခြားရေ နိတိကို အလီးအမြတ်ထားလိဟိပြီးကေ ၀ါဆိုပြည့်နိကိုလည်း “ဓမ္မကြာနိ”အဖြစ် သတ်မှတ်ထားကတ်ပါသည်။
ဝါဆိုလပြည့်နိသည် မိမိရို့အတွက် ထူးခြားရေ နိထူး နိမြတ်လည်း ဖြစ်ပါသည်။ ဇာအတွက်ကြောင့်လဲလို့ဆိုရကေ…

၁။ ဘုရားလောင်းတော်  သန္တုသိတနတ်သားသည်  တုသိတာနတ်ပြည်မှ စုတေပြီးကေ ကပိလ၀တ်ပြည်ဘုရင် သုဒ္ဓေါဒနမင်းကြီး၏ မိဖုရား မဟာမာယာဒေ၀ီ၏ ၀မ်းကြာတိုက်မှာ မဟာသက္ကရာဇ် ၆၇ ခု၊ ၀ါဆိုလပြည့်နိမှာ ပဋိသန္ဓေတည်တော်မူခြင်း၊
၂။ မြတ်စွာဘုရား အလောင်းတော်ရေ မဟာသက္ကရာဇ် ၉၇ ခု၊ ၀ါဆိုလပြည့်နိညဥ့် သိုင်ခေါင်မှာ ကဏ္ဍကမြင်းကိုစီးလျက်  ဆန္ဒအမတ်နန့်အတူ တောထွက်တော်မူခြင်း၊
၃။ ဗုဒ္ဓမြတ်စွာ ဘုရားသျှင်သည် မဟာသက္ကရာဇ် ၁၀၃ ၀ါဆိုလပြည့်နိမှာ ပဉ္စ၀ဂ္ဂီငါးဦးဖြစ်တေ ကောဏ္ဍည၊ ၀ပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိ ရို့အား မိဂဒါဝုန်တော၌ ပထမဦးဆုံး တရားဦးဓမ္မစကြာဒေသနာတော်ကို ဟောကြားတော်မူခြင်း၊ စရေအချက်တိကြောင့်ပင် ဖြစ်ပါသည်။
ယင်းအပြင် ၀ါဆိုလပြည့်နိသည် မြတ်စွာဘုရားသျှင် ရီမီးအစုံစုံတိနန့် တန်းခိုးပြာဋိဟာကို   ပြတော်မူရေနိ၊ ဘုရားအဖြစ် ၀န်ခံတော်မူရေနိ၊ တရားရတနာစတင်ပေါ်ပေါက်ရေနိ၊ “ဧဟိဘိက္ခူ” ဆိုရေစကားကို စတင်ကြားရရေနိတိလည်းဖြစ်ပါသည်။

ယင်းပိုင်အကြောင်းတိကြောင့် မိမိရို.  ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးတိမှာ မြတ်စွာဘုရား၏ ၀ါဆိုလပြည့်နိနန့် ၀ါတွင်းကာလတိကို ပိုအလီးထားကတ်ခြင်းဖြစ်ပါသည်။
ဗုဒ္ဓမြတ်စွာဘုရားသျှင်သည်  ရဟန်းတော်တိ၏ သိက္ခာပုဒ်တိကို ပညတ်ရာ၌ အကြောင်းတစ်စုံတစ်ရာ မပေါ်ပေါက်ဘဲနန့် ပညတ်တော်မမူခပါ။
သိက္ခာပုဒ်တော်တစ်ခုစီကို အကြောင်းတစ်စုံတစ်ရာပေါ်ပေါက်လာမှသာလျှင် ပညတ်တော်မူခခြင်း ဖြစ်ပါသည်။

ဗုဒ္ဓမြတ်စွာဘုရားသျှင်သည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်ကြီး၌ သီတင်းသုံးတော်မူချိန်က ဖြစ်ပါသည်။
ယင်းအချိန်မှာ မြတ်စွာဘုရားရေ ရဟန်းတော်တိအား ၀ါဆိုဝါကပ်ပြုရန် မပညတ်ရသီးရေကာလဖြစ်တေ အတွက်  ရဟန်းတော်တိမှာ နီပူမရှောင် မိုးရွာမရှောင် သုံးရာသီပတ်လုံး နီရာအနှံ့ ခရီးလားလာလျက် ဟိကြသည်။
မိုးရာသီ၌ ဆည်ဖို့ထားရေ ကန်သင်းတိ၊ ကောက်ပဲသီးနှံစိုက်ပျိုးထားရေ လယ်ကွင်းတိကို ဖြတ်လျှောက်လားလာ ကတ်တေအတွက် လူတိမှာ စိုက်ခင်းတိ ပျက်စီးနစ်နာမှုတိ ကြုံလာရရေအတွက် တိတ္ထိတိမှာတောင်  မိုးတွင်း ကာလ၌  မိုးခိုမှု၊ ၀ါဆိုမှုတိပြုကတ်သည်၊ ငှက်ချေတိမှာလည်း မိုးရာသီ၌ အသိုက်တိ  ဆောက်လုပ်ပနာ မိုးခိုမှု ပြုကတ်သီးရေ၊
သို့သော် အေရဟန်းတော်တိမှာ မိုးတွင်းကာလ၌ ဇာအတွက်ကြောင့် စိမ်းစိုရေ မြက်သစ်ပင်တိကို နင်းဖြတ်ပြီးကေ လားလာနီရစွာလဲ ဆိုပနာ ကဲ့ရဲ့ ရှုပ်ချရေ စကားတိကို ဆိုလာကြသည်။

ယင်းပိုင် ကဲ့ရဲ့ရှုပ်ချရေစကားတိကို ရဟန်းတော်တိက မြတ်စွာဘုရားအား လျှောက်တင်ကြသည်။ ယင်းခါ မြတ်စွာဘုရားက “အနုဇာနာမိ ဘိက္ခဝေ ၀ဿံ ဥပဂန္တုံ ”လို.မိန့်တော်မူသည်။
အဓိပ္ပါယ်မှာ ရဟန်းတော်တိအား မိုးတွင်းကာလ၌ ၀ါဆိုဝါကပ် ပြုကတ်ရမည်ဖြစ်ကြောင်း ပညတ်တော်မူခခြင်းဖြစ်ပါသည်။
မြတ်စွာဘုရားသျှင်သည် ရဟန်းတော်တိအား ၀ါဆိုဝါကပ်မှုပြုဖို့အတွက် ပုရိမ၀ါကပ်ခြင်းနန့် ပစ္ဆိမ၀ါကပ်ခြင်းနှစ်မျိုးကို ခွင့်ပြုတော်မူခပါသည်။

ဝါဆိုလပြည့်ကျော်တစ်ရက်နိ၌ ၀ါကပ်ခြင်းမှာ ပုရိမ၀ါကပ်ခြင်းဖြစ်ပြီး ၀ါကျွတ်လပြည့်ကျော် တစ်ရက်နိမှာ ၀ါကျွတ်ကြရသည်။ ယင်းရဟန်းတော်တိမှာ ကထိန်ခင်းခွင့်၊ ကထိန်အလှုခ့ခွင့်ကိုရဟိကြသည်။
ယင်းနည်းတူ အကြောင်းအမျိုးမျိုးကြောင့် ၀ါဆိုလပြည့်ကျော်တစ်ရက်နိမှာ ၀ါကပ်ခွင့်မရလိုက်တေ ရဟန်းတော်တိမှာ ၀ါခေါင်လပြည့်ကျော် တစ်ရက်နိ၌ ၀ါကပ်ခွင့်ရကြပါသည်။

ယင်းချင့်ကို ပစ္ဆိမ၀ါကပ်ခြင်းလို့ခေါ်ပြီး ယင်းရဟန်းတော်တိမှာ တန်ဆောင်မုန်းလပြည့်ကျော်တစ်ရက်နိ၌ ၀ါကျွတ်ကတ်ရသည်။ အဆိုပါရဟန်းတော်တိမှာ ကထိန်အလှူခံခွင့်ကို မရဟိတော့ပေ။
ရဟန်းတော်တိသည် ဘုရားသျှင်ခွင့်ပြုခရေ ၀ါကပ်ခြင်းတိအား နှစ်စိုင်ပြုလုပ်ကတ်ရပြီး ၀ါမဆိုခကေ ဒုက္ကဋ်အာပတ်သင့်ရေပိုင် ၀ါကျိုးရေရဟန်းတိသည်လည်း ဒုက္ကဋ်အာပတ်သင့်ကြောင်း ရဟန်းတော်တိ၏ ၀ိနည်းတော်တိမှာ ပြဆိုထားပါသည်။

ရခိုင်ပြည်၌ ရဟန်းသံဃာတော်တိ ၀ါဆိုလ၌ ၀ါဆိုဝါကပ်မှု ပြုလုပ်လာကတ်စွာသည် တတိယဓည၀တီခေတ် (ဘီစီ-၅၈၀ မှ အေဒီ-၃၂၆ ထိ)  သာသနာသက္ကရာဇ်-၂၃၆ ခုနှစ်၊ သူရိယစက္ကမင်းလက်ထက်မှ စတင်ခရေလို့ သမိုင်းမှတ်တမ်းတိအရ သိရပါသည်။
ယင်းအပြင် ရခိုင်ပြည်၌ ထီးနန်းစိုက် အုပ်ချုပ်ခကတ်တေ ရှိရခိုင် မင်းအဆက်ဆက်မှာလည်း ၀ါဆိုလပြည့်နိနန့် ၀ါတွင်းကာလတိမှာ ၀ါဆိုသင်္ကန်းကပ်လှူပွဲတိ၊ ပဉ္စင်းခံပွဲတိ၊ အလှူပွဲကြီးတိကို  စိုင်ဆက်မပြတ်ကျင်းပပြုလုပ် ခကတ်တေလို့ သိရပါသည်။

မြောက်ဦးခေတ်  ဘုရင်မင်းရာဇာကြီး (အေဒီ-၁၅၉၃ မှ ၁၆၁၂ ထိ)ရေ ဒသရာဇာမင်းကောင်းမှုတော် မဟာမုနိသိမ်တော်အား အသစ်ထပ်မံဆောက်လုပ်၍ ရခိုင့်နိုင်ငံတော်အတွင်းဟိ ရဟန်းသံဃာတော်တိအား ပင့်ဖိတ်ကာ ပဉ္စင်းအပါး တစ်သောင်း ခံတော်မူခရေလို့ ဆိုပါသည်။
အေနိမျက်မှောက်ခေတ် ရခိုင်ပြည်အတွင်း၌ ၀ါဆိုလပြည့်နိ၌ ပဉ္စင်းခံပွဲပြုလုပ်တေ ဓလိမှာလုံးဝ ပျောက်ကွယ်လားသီးစွာ မဟုတ်ကေလည်း အတွိရနည်းလာရေ ဓလိတစ်ခု ဖြစ်လာပါသည်။
ယေဒါလည်း ၀ါဦးလပြည့်နိမှာ ၀ါဆိုပန်းကပ်လှူခြင်း၊ သက်ကြီးရွယ်အို လူကြီးလူငယ်မကျန် နီးစပ်ရာ ဘုရားကျောင်းကန်တိကို လားရောက်ပြီးကေ ဥပုသ်သီလဆောက်တည်ခြင်း၊ အလှူသျှင်တိက မုန့်ပဲသရေစာတိ၊ ဆွမ်းတိ ထမင်းရည်ချောင်းစီး ကျွေးမွေး လှူဒါန်းခြင်းတိမှာ ရခိုင်လူမျိုးရို့၏ ပျောက်ကွယ်မလားနိုင်ရေ မွန်မြတ်တေ ဓလိတိပင် ဖြစ်ပါသည်။

ယင်းအပြင် မြတ်ဗုဒ္ဓ၏ ၀ါတွင်းကာလ တစ်ခုလုံးမှာလည်း ဥပုသ်နိတိုင်း လူကြီးလူငယ်မကျန် မိမိရို့ကိုးကွယ်ရေ ဘုရားကျောင်းကန်တိကို လားရောက်ပြီးကေ ဥပုသ်သီလဆောက်တည်ခြင်း၊ တရားဘာဝနာ ပွားများခြင်းအမှုတိကို ပြုလုပ်ကတ်မြဲ ဖြစ်ပါသည်။
မိဖ အဖိုး အဘောင်တိက မိမိရို့၏ သားသမီး မြီး မြစ်တိကို ၀ါတွင်းကာလတိမှာ အချေကပင် ဘုရား တရားကို ရိုသေ ကိုင်းရှိုင်းလာစီအောင်၊ ကုသိုလ်ကောင်းမှု ဘာဝနာအသိရို့ စွဲထင်လာအောင် ဥပုသ်နိ ရောက်တိုင်း ဘုရား ကျောင်းကန်တိသို့ လက်ဆင့်ကမ်း ခေါ်ယူလားကတ်သည်။

မိမိရို့ ရခိုင်လူမျိုးတိရေ ၀ါတွင်းကာလ တစ်ခုလုံးကို အခါကြီး နိကြီး ကာလတစ်ခုအဖြစ် သတ်မှတ်ထားကတ်ပြီး ၀ါတွင်းကာလသို့ ရောက်ဟိလာတိုင်း တစ်နှစ်ပတ်လုံး အရက်စွဲနီရေ အရက်သမားတိပင် ၀ါတွင်းကာလ အရက်ဖ်ြတ်ခြင်း၊ ကောင်းမှု ကုသိုလ်တိပြုလုပ်ခြင်း၊ ယင်းအပြင် ဇာသူပင်မဆို ၀ါတွင်းကာလ ဥပုသ်နိကိုရောက်တိုင်း သူ့အသက်သတ်ခြင်း အလိကို ရှောင်ရှားလိ ဟိကတ်သည်။
ရခိုင်ကျေးလက်ဒေသတိ၌ ၀ါတွင်းကာလဥပုသ်နိ ရောက်တိုင်း မိမိရို့၏ လယ်လုပ်ငန်းတိကို တစ်ရက်နားထားပြီး အိမ်တိုင်း အိမ်တိုင်း၌ မုန့်တစ်ခုခုစီ ချက်လုပ်ပြီးကေ ဘုန်ကြီးကျောင်းကို လားရောက်လှူဒါန်းခြင်း၊ မိမိရို့၏ ဆွီမျိုးတိနန့် အိမ်နီးပါးချင်းတိကို ၀ီငှ ကျွေးမွေးခြင်း၊ မတတ်နိုင်သူတိပင် ရွာဦးကျောင်းမှာ ဆွမ်းချေတစ်ပွဲဖြစ်စီ လားရောက် ဆက်ကပ် လှူဒါန်းခြင်းတိကိုလည်း ပြုလုပ်တတ်ကတ်ပါသီးသည်။

အေစွာတိမှာ ၀ါတွင်းကာလ ရက်မြတ်အခါသမယတိ၌ ကုသိုလ်ကောင်းမှု ရဟိစီခြင်း၊ ဆွီမျိုး အိမ်နီးပါးချင်းတိနန့် ပိုလို့နွီးထွီးစီခြင်း၊ အစိုင်အလာ ဓလိထုံးတမ်းတိကို မပျောက်ပျက်ရအောင် ထိန်းသိမ်း စောင့်ရှောက်ရစီခြင်းတိကြောင့် ရခိုင်လူမျိုးရို့၏ မွန်မြတ်တေ ရိုးရာ ဓလိတိပင် ဖြစ်ပါသည်။
ဤသို့ဖြင့် ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းရို့သည် မြတ်စွာဘုရား၏ ထူးခြားမှုတိဟိနီရေ ၀ါဆိုလပြည့်နိနန့် ၀ါတွင်းကာလ ရက်မြတ်အခါသမယတိ၌ အာသဝေါတရား လေးပါးရို့၏ ကုန်ရာကုန်ကြောင်းဖြစ်တေ မဂ်ဖိုလ်နိဗ္ဗာန်ကို ရည်သန်းတောင်းတလျက် ကောင်းမှုကုသိုလ်တိ ပွားများအားထုတ်ကတ်သည်ဆိုလျှင် ယင်းချင့်သည် ရခိုင်လူမျိုးရို့၏ ရှီးအစိုင်အဆက်ကပင် ရိုးရာ ယိုင်ကျေးမှု စိုင်လာမပျက် ကုသိုလ်ကောင်းမှုတိ ပြုလုပ်ကတ်တေ ကာလတိပင် ဖြစ်ပါတော့သည်။

ရခိုင်ရိုးမမှ ကူယူထားပါသည်။

Wednesday 17 August 2011

ရခိုင်လူထု လယ်ယာမြီပိုင်ဆိုင်ခွင့် နည်းပါးလာမှုတိရေ စစ်တပ်က ဖန်တီးနီခြင်းလော

ကိုလတ် (ရခိုင်ရိုးမ) June 10, 2011

ရခိုင်ပြည်အတွင်း အခြီစိုက်ထားရေ စစ်တပ်၏ လယ်ယာမြီ သိမ်းယူမှု ဥယာဉ်ခြံမြီ သိမ်းယူမှုရေ နှစ်ပေါင်း ငါးဆယ်ကျော်ကာလအတွင်း ၃၅ရာခိုင်နှုန်းရှိလာနီရေလို့ ရခိုင်လယ်ယာမြီ ကဏ္ဍကို လေ့လာနီရေ ပြည်တွင်းဒေသခံတချို့က သုံးသပ်ကတ်ပါရေ။

မြို့နယ်တိုင်းလိုလိုမှာ တပ်စွဲထားရေ စစ်တပ်က ယင်းဒေသတ၀ိုက်ရှိ ပြည်သူအများ လုပ်ကိုင်စားသောက်နီရေ ဥယာဉ်ခြံမြီတိကို သိမ်းယူမှုတိ ပိုများလာပြီးကေ ရှိအဆက်ဆက် ဘိုးဘွားပိုင် ရခိုင်လူထုမြီယာတိလည်း
တစတစပျောက်ကွယ်လာကြောင်း မင်းပြားမြို့နယ်က ရခိုင်ကွန်မြူနစ်ပါတီဝင် အသက်၇၀ အရွယ်ရှိ ရခိုင်အမျိုးသားတဦးက သူ့အတွိအကြုံကို ပြောပြခစွာ ဖြစ်ပါရေ။

“အခင်ရို့ခေတ်ကတော့ ဇာပင်ဆိုဆို ကျေးလက်ဒေသခံ တိရေ လယ်ယာမြီတိကို လူတန်းစိနီးပါး ပိုင်ဆိုင်ကတ်တေ။ 
 ကျွဲ အကောင်တရာ ရှိသူရှိ၊ လယ်ဧက ၀ါးတသောင်းရှိသူရှိ၊ ယင်းအချိန်က အဆင်ပြေကတ်တေ၊ စစ်တပ်က အာဏာသိမ်းလိုက်တေနောက်ပိုင်း ရခိုင်ပြည်မာ ဗမာစစ်တပ်စွဲမှုပိုများလာရေ၊ နီးစပ်ရာ လယ်ယာ မြီတိကို သိမ်းယူလာရေ။ 
ဥယာဉ်ခြံမြီ ၊တောင်ကုန်းတိကိုလည်း အာဏာကို အသုံးပြုလာရေခါ ရခိုင်တိအတွက် လုပ်စားစရာ မြီကွက် ရှားလာရေ
“လို့သူကဆိုပါရေ။

မင်းပြားမြို့နယ် ကျိန်းတောင်တောင်တန်းဒေသနန့် ကျိန်းတောင်အနောက်ဘက်ရှိ ဥယာဉ်ခြံမြီတိကို ခမရ ၃၇၉၊ ၅၄၁၊ ကနီ ပြည်သူတိလုပ်စားနီရေ လယ်ယာမြီတိ သိမ်းထားမှုကို အခြီခံပနာ သူက ပြောဆိုလိုက်ခြင်းဖြစ်ပါရေ။

ရခိုင်ပြည်အတွင်း ပြည်သူပိုင်လယ်ယာကဏ္ဍတိ ဆုံးရှုံးလာမှုရေ ရခိုင်ပြည်သူတရပ်လုံးအတွက် စီးပွားရေးအရ အကျပ်အတည်းကို ဖြစ်ပေါ်စီနိုင်ရေလို့ ရခိုင်လွှတ်တော် အမတ်တဦးက ဆိုပါရေ။

“လယ်ယာမြီဆိုစွာက ကျေးလက်ဒေသမှာ နီထိုင်နီကတ်တေ ရခိုင်လူထုအတွက် အဓိကလုပ်ငန်းပါ၊ ဒေလယ်ယာ မြီတိကို အခြီခံမှ ကျေးလက်ပြည်သူတိ ၀မ်းစာဖုံလှုနိုင်ဖို့လေ၊ ခုက ကျေးလက်ပြည်သူ အများစုရေ ဒေသတွင်းဝမ်းစာ မဖူလုံကတ်ဗျာယ်” လို့  သူက ပြောပါရေ။

နှစ်ပေါင်းငါးဆယ်ကျော်အတွင်း ရခိုင်လူထု လယ်ယာမြီပိုင်ဆိုင်မှု နည်းပါးလာခြင်းရေ လက်ရှိ အုပ်ချုပ်သူတိ၏
စီမံခန့်ခွဲမှုနန့် စနစ်တကျ မရှိရေ အတွက် ကျေးလက် ဒေသတိမာ ယင်းပိုင်အဖြစ်မျိုးတိ ကြုံနီရစာဖြစ်တေလို့
၂၀၁၀ရွေးကောက်ပွဲမှာ ပြည်သူ၏ အခွင့်အရေးကို လွှတ်တောင်မာ တောင်းဆိုတင်ပြလားဖို့ဆိုရေ ကြွေးကြော်သံနန့် ချီတက်လာရေ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီက ဗဟိုကော်မတီဝင် တဦးက ဆိုပါရေ။

လက်ရှိ အနီအထားမှာ အရပ်သားအုပ်ချုပ်တေ အစိုးရလို့ဆိုကေလည်း စစ်တပ်၏ သြဇာလွမ်းမိုးမှုအောက်မာ ရှိနီဆဲလို့ ၁၉၉၀ ရွီးကောက်ပွဲ ပါဝင်ခရေ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင် တဦးက သုံးသပ်ပါရေ။

မြို့ထက်အသိုင်းဝိုင်းမှာ စစ်တပ်၏ သြဇာ မှေးမှိန်နီရေလို့ဆိုကေလည်း နယ်ဘက်မာရေ ဂနိထိ စစ်တပ်က အာဏာရှိနီဆဲဖြစ်တေလို့ ဒေသခံတိက ပြောပါရေ။
လွန်ခရေရက်အနည်းငယ်ကလည်း ကျောက်တော်နန့် ကျောက်ဖြူမြို့နယ်ရို့မှာ ပြည်သူတိ လုပ်ကိုင်စားသောက်နီရေ ဥယာဉ်ခြံမြီတချို့ကို ဗျူဟာမှူး အမိန့်နန့်သိမ်းယူလိုက်တေလို့ မြို့ခံတိက ပြောပါရေ။

ယင်းအနီအထားကိုကြည့်လိုက်ခြင်းအားဖြင့် စစ်တပ်၏ အခန်းကဏ္ဍကို လက်ရှိ ရခိုင်ပြည်နယ် လွှတ်တော်က မကျော်လွှားနိုင်စွာကိုတွိရရေ။
ကိုယ်တိုင် လယ်ယာမြီဧက ၀ါးတစ်ထောင် အသိမ်းခံရရေ မင်းပြားမြို့နယ်က လယ်သမားတဦးက “ဒေလယ်ယာမြီတိက ကျနော်ရို့ ဘိုးဘွားပိုင်လုပ်လာကတ်တေ လယ်ယာမြီတိပါ။ ကျနော်ရို့လက်ဆင့်ကမ်း လုပ်လာစွာ။ 
ယင်းချင့်ကို စစ်တပ်က ဇာပိုင်လုပ်လဲဆိုကေ မြို့နယ်မြီစရင်းနန့် ကတ်ပနာ သိမ်းယူစွာ၊ အဓိက လယ်ယာမြီပိုင်ဆိုင်ရေ အချက်အလက်တိ မရှိလို့ပါ၊ ကျနော်ရိုအဖ အဘိုးအဘောင်ခေတ်ကလဲ ဒေပိုင်လယ်လုပ်လာစာ ဇာက လယ်ယာပိုင်ဆိုင်ရေ အထောက်အထားတိရှိဖို့လဲ”လို့ သူကဆိုပါရေ။

ကျေးလက်ဒေသ ရခိုင်လူထု အဓိကကြုံနှီရရေ ပြဿနာလယ်ယာမြီ ပိုင်ဆိုင်ကြောင်း အထောက်အထား မရှိခြင်းပါ။ 
ယင်းချင့်သည်ရေ အာဏာပိုင်တိအတွက် အားသာချက်တရပ် ဖြစ်လာပါရေ။
စစ်တပ် ကြီးမားရေခြံတိကို ပိုင်ဆိုင်ထားလို့ စားကျက်မြီအတွက်လည်း ရှားပါးမှုကို ရင်ဆိုင်နီရကတ်စွာ  တွိရရေ။

ပုဏ္ဏားကျွန်းမြို့နယ်နန့် မြောက်ဦးမြို့နယ်ရို့မာ စစ်တပ်၏ လယ်ယာမြီသိမ်းထားမှုရေ ကျေးလက်ဒေသ ရခိုင်လူထုကို
ဂုတ်သွီးစုတ်နီခြင်းလို့ အများစုက ယူဆကတ်ပါရေ။ 
ယင်းပိုင် ရခိုင်ပြည်နယ်အတွင်း လယ်ယာမြီဆုံးရှုံးမှုကို ရခိုင်လူတန်းစားတရပ်က မဖြေရှင်းပီးနိုင်စွာရေ အားနည်းချက်တရပ် ဖြစ်တေလို့ ပြည်ပရောက်ရခိုင်နိုင်ငံရေးသမားတဦးက ဆိုပါရေ။

“ကျနော်ရို့ သတင်းတိုင်းလိုလိုမှာ ကြားရရေ ဗမာပြည်ဘက်တိမာ လယ်ယာမြီတိကိုစစ်တပ်က သိမ်းလို့
တက်ကြွလုပ်ရှားသူတိက ပြန်လည်ဖြေရှင်းပီးရေ ဆိုစွာတိ၊ ဂနိရခိုင်ပြည်မာ လယ်ယာမြီတိကို စစ်တပ်ကမတရား သိမ်းပိုက်နီစွာတိကို မီဒီယာတိကမဖော်ပြကတ်၊ ယင်းလယ်မြီတိကို ပြန်လည်ရရှိအောင်လဲ လုပ်ပီးသူတိကမရှိ ဆိုရေခါ စစ်တပ်ကပိုရောဂါ ဆိုးလာစွာဖြစ်တေ”လို့ ပြောပါရေ။

နောက်ပိုင်းဆယ်စုနှစ်ကာလအတွင်း ရခိုင်လူထုလယ်ယာမြီ ပျောက်ဆုံးလာနိုင်ရေ အကြောင်းတရပ်မှာ စစ်တပ်၏ အခန်းကဏ္ဍ ပျက်သုန်းမှုမရှိသကြား ရှိနီဖို့လို့ လေ့လာသူတိက ဆိုကတ်ပါရေ။

၁၉၉၁-၉၃- ခုနှစ်ဝန်းကျင်ကလဲ ရခိုင်ဒေသအတွင်း ဆန်စပါးထွက်ရှိမှု စံချိန်တင်နိုင်ခကေလဲ ၂၀၀၀-ပြည့်နှစ်ကပင် ကျေးလက်ဒေသတိမာ လယ်ယာမြီတိ ပိုင်ဆိုင်မှု တစတစလျှောနည်းလာစွာကို တွိရရေ။
ဆယ်စုနှစ်အတွင်း အစိုးရ၏ လယ်ယာမြီ ပြန်လည်ဖော်ထုတ်ရေးဆိုရေ စီမံကိန်းသည်လဲ အကျုံးမ၀င်စွာရှိရေပိုင် တခြားပြဿနာ တရပ်ဖြစ်ရေ
လယ်ကွင်းတိကို သားငါးပုစွန်မွေးမြူဖို့အတွက် တာတမံ ပုစွန်ကန်တိအဖြစ် လုပ်ဆောင်နီခြင်းစွာလဲ လယ်ယာမြီ ဆုံးရှုံးမှု၏ ဒုတိယဇာစ်ဖြစ်လာပါရေ။

ရခိုင်လူထုလယ်ယာမြီဆုံးရှုံးလာမှု မူလဇာတ်ဖြစ်တေ စစ်တပ်နန့် တတိယဇာတ်မြစ်ဖြစ်တေ ပြည်သူရို့၏ လယ်ယာမြီကို အလွဲသုံးစားရောင်းချနီမှုဆိုစွာလဲ လယ်ယာမြီပိုင်ဆိုင်ခြင်းဆုံးရှုံးမှုပင် ဖြစ်တေ။ တဖက်မာလဲ ကျေးလက်ဒေသရှိ ပြည်သူ၏ ဆင်းရဲမှု ထွက်ပေါက်သည်ရေ လယ်ယာမြီကို ရောင်းချမှုပင်။
ပြည်နယ်အတွင်း အလုပ်အကိုင် အခွင့်အလမ်းနည်းပါးမှု ဒဏ်ကို
ကျေးလက်ပြည်သူတိ ခံနီဆုံးဖြစ်တေလို့ အများစုကသုံးသပ်ကတ်ပါရေ။

အပြောင်းအလဲတခုလို့ အများစုက ထင်မြင်ချက်အပေါ် ရခိုင်လူထုမျှော်လင့်ချက်ရေ လက်ရှိ အုပ်ချုပ်ရေ အစိုးရတရပ်၏
ထိန်းကျောင်းမှုအောက်မှာ ပျောက်ကွယ်နီဆဲ ဖြစ်တေပိုင် လယ်ယာမြီကို ပြန်လည်ရရှိဖို့နန့် စစ်တပ်၏ ပြည်နယ်အတွင်း အာဏာထိန်းချုပ်မှုအောက်ကရုန်းထွက်ဖို့ လိုအပ်လာရေလို့ ရခိုင်လူထုက ရှုမြင်လာကတ်တေ။ 
ဘိုးဘွားပိုင် လယ်ယာမြီတိ လက်လွှတ်ဆုံးရှုံးလိုက်ရမှုနန့် ကျေးလက်ဒေသ ဆင်းရဲကျပ်တည်းမှုဒဏ်ကို  ခံစားနီရလို့ ယင်းသို့ ထွက်ပေါက် ပေါ်လာခြင်းဖြစ်တေ။

ရခိုင်ဝါရင့် နိုင်ငံရေးသမားတဦးက “ လွှတ်တော် အသီးသီးမှာ ရခိုင်ကိုယ်စားပြုအမတ်တိရှိကေ  ရခိုင်လူထုအတွက်
တကယ်တမ်း အကျိုးပြုလုပ်ငန်းပိုင်းမာကျကေ လုပ်ပိုင်ခွင့်မရှိနိုင်ပါ၊ နောက်တခုက ဂနိရခိုင်ပြည်မာ အရပ်သားအစိုးရ အုပ်ချုပ်တေလို့ပြောပြော စစ်တပ်က အာဏာပြ အလွဲသုံးစားလုပ်နီစွာတိက ရှိနီရေ”လို့ဆိုပါရေ။

(ရခိုင်ရိုးမ သတင်းဌာနမှ ကူယူထားပါသည်)

ရခိုင်လူမျိုးနန့် ယင်းရို့၏ အနာဂတ်ပြဿနာ

တင်ပြသူ- မောင်လှအောင်

တိုင်းနန့် ပြည်နယ် (၁၄)ခုမှာ  အနိမ်ခံရဆုံးပြည်နယ် တခုဖြိုက်တေ ရခိုင်ပြည်။
နှစ်ပေါင်း (၂၂၆)နှစ်တာ ကျွန်သက်တမ်းနန့် မွီးဖွားလာရရေ ရခိုင်လူထုနန့် ရခိုင်မြီကို ဗစဖြဲပနာ လက်ညိုးထိုးပြီးကေ တရုတ်ကို ရောင်းစားနိန်ရေ ဗမာခေါင်းဆောင်တိ။

ရလာရေ ဖေ့ချာကို ၂၁-ရာစုသစ်မှာ နေပြည်တော်နန်းအဖြိုက် အသက်သွင်းလာဖို့ဖြိုက်တေ။
တော်လှန်ရေး ကာလဆိုရေစကားချေ တခွန်းနန့် ခရီးဆက်နိန်ရရေ ရခိုင်လူထု။

လမ်းစိုင်ကို ဂနိန့်ထိ ၀ိုးတ၀ါးဖြိုက်နိန်ရေ ရခိုင်နိုင်ငံရေးလမ်းစိုင်။
တခုလိုအပ်နိန်ဗျာယ် ဖြိုက်တေ။ 
ရခိုင့်ခေါင်းဆောင်တိ အနိန်နန့်ပြတ်သားရေ မူဝါဒတိရှိဖို့ လိုအပ်လာရေ။ 
ဘရေးဘ မက္ကလာကို ဆောင်းချင်ရေ စိတ်ဓာတ်တိကို ဖျောက်ဖို့ လိုအပ်လာဗျာယ်ဖြိုက်တေ။
ဗမာတိ သူရို့ အချင်းချင်း စည်းရုံးလာဗျာယ်။
မြန်မာတနိုင်ငံလုံးဗမာစကား ဖြိုက်ရမည်။ 
ဗမာစာကို ရွိးရမေ ဆိုရေ စီမံကိန်းကို မကြာမီ အကောင်အထည်ဖော်လာနိုင်ရေ။

နောက်ဆုံး ရခိုင်လူမျိုးရို့၏ မူလဇာတ်မြစ် ယိုင်ကျေးမှုတိလဲ ၀ါးမျိုခံရဖိုဖျြိက်တေ။  
ဂနိလူငယ်တိကြား မိခင်ဘာသာစကားကို အသုံး မများဘဲ။ 
ဗမာစာကို ပိုရွီလားကတ်ဗျာယ်။

ရခိုင်စာနန့် ဗမာစာ အတူတူုရာဆိုရေ  စကားချေ တခွန်းနန့် နှစ်ပေါင်း ရာကျော် ဖြတ်သန်းလာရေ ရခိုင်စာပီကို ချောင်းထဲကို ပစ်ချလိုက်ရဖို့ ကိန်းဖြိုက်လာရေ။

အင်္ဂလိပ်တိ ကြိုးစားမှုကြောင်း တကမ္ဘာလုံး အင်္ဂလိပ်စာ အင်္ဂလိပ်စကားကို သုံးလာကတ်ဗျာယ်။ အင်္ဂလိပ် ဘာသာဆိုကေ အားလုံးနီးပါး နားလည်ရေ။

လူမျိုးတမျိုး၏ စာပီကို ယင်းလူမျိုးက မဖော်ထုတ်ကေ တခြားလူမျိုးက ဖော်ထုတ်လာဖို့မဟုတ်ပါ။  ရခိုင်သားရို့ကြားမှာ အများစု ထွက်နိန်ရေ စကားတခုရှိရေ ရခိုင်စာ အရွိးအသားပြဿနာ ၊ တချို့ကလဲ စံနန့် ရွီးရဖို့ တချို့လဲ ဒေသိယ စကားနန့် အမျိုးမျိုး ကွဲပြားနိန်ရေ။ 
ရခိုင်စာ အရွိအသားစံ တရပ်ကို စောင့်နိန်ဖို့ဆိုကေ မကြာမီမာ ရခိုင်စာ ၀ါးမျိုးခံရဖို့ ဖြိုက်တေ ၉၉% ရာခိုင်နှုန်းက ဗမာစာကို သုံးနိန်ကတ်ဗျာယ်။

ကိုယ့်စာ ရှိယင့်သားနန့် သူများစာကို အငှားသုံးရရေ အဆင့်ဆိုစွာ သူများစာကို အထင်ကြီးလို့ ဖြိုက်တေ ။ ရခိုင်စာပီရေ ရခိုင်လူမျိုး၏ အသက်၊ ရခိုင်လူမျီုး၏ အသည်းနှလုံး၊  ရခိုင်စာရာ ဒေပိုင်တစတစပျောက်လားဖို့ဆိုကေ နောက်ဆုံးရခိုင်လူမျိုးဇာက ဆင်းသက်လာရေလဲဆိုစွာ မိန်းခွန်းထုတ်လာကတ်ဖိုဖြိုက်တေ။

ကမ္ဘာတ၀ှမ်း စပိန် ၊ပြင်သစ်၊ ဂျာမန်၊ တရုတ်၊ဂျပန်၊ စရေ လူမျိုးတိက မိမိရို့ဘာသာနန့် အင်္ဂလိပ်ဘသာ တထပ်တည်းကျအောင် စိုင်းပြင်းနိကတ်ဗျာယ်။ 
 ကိုယ်လူမျိုးစာပီ မပျောက်ရအောင် ကြိုးစားနိန်ကတ်ဗျာယ်။
အလားတူ ကရင်၊ချင်း ၊ရှမ်းရို့လဲ မိမိရို့စာပီမပျောက်အောင် ကြိုးစားနိန်ကတ်ဗျာယ်၊ အင်တာနက် စာမျက်နှာတိ မှာလဲ သူရို့ဘာသာတိနန့် လွှင့်တင်ထားစွာကိုလဲ အားလုံးအသိပင်။ 
ဆိုကေ ဂနိ ရခိုင်ရို့မှာ စာလုံးပေါင်း သတ်ပုံ၊ သဒ္ဒါဆိုရေ မူဝါဒနန့် ရခိုင်စာကိုကျောခိုင်းလားဗျာယ်။
ရခိုင်စာ အရွီးအသားမှန်မှ ရခိုင်စာကိုဖော်ထုတ်ရဖို့ဆိုကေ  ရခိုင်စာလုံးပေါင်း ဇာနိမှန်လာဖို့၊ ရခိုင်စံ အရွီးသား စံတရပ် ဇာနိ ပေါ်လာဖို့လဲ၊ ယင်းပိုင် ပေါ်လာစွာကို ထိုင်ပနာစောင်နီရဖို့လား လို့ မိန်းခွန်း ထုတ်စရာတိ ဖြိုက်လာပါရေ။ 
ယင်းပိုင်ဆိုကေ အဂုသုံးနိန်ကတ်တေ ဒေသိယစကားတိကား ရခိုင်စကားမဟုတ်လား ဆိုစွာတိ မိန်းစရာ ဖြိုက်လာပါရေ။

ဂနိ ရခိုင်လူထုရေ စစ်မှန်ရေ လွတ်လပ်မှုကို ရဗျာယ်လား၊  တကယ်လို့ ဗမာခေါင်းဆောင်တိဗမာ တပြည်နယ်လုံး ဗမာစာ ဗမာစကားကို ရွီးရဖို့လို့ သြဇာပီးလာကေ ရခိုင်တိ ဇာပိုင်လုပ်ကတ်ပါဖို့လဲ။

ရခိုင်အမျိုးသားတိ စိုင်းစားစရာအချက်တိ အများအပြားဖြိုက်လာနိန်ပါဗျာယ်။ 
စီးပွားရေး ၀ါးမျို၊ လူမျိုးရေး ၀ါးမျို၊ နောက်ဆုံး ဘာသာစာပီပါ ၀ါးမျိုးလာနိုင်ပါရေ။ 
ဗမာအစိုးရ  ဒေသခံ ရခိုင်လူထု အကျိုးစီးပွားထက် မိမိရို့ ဗမာလူမျိုး ၀မ်းဝရေးကို ပိုမိုဦးစားပီးနိန်စွာကို ရခိုင်ရို့ အသိပင် ဖြိုက်တေ။

ရခိုင်ပြည် နယ်ထွက် သယံဇာတနန့် ရောင်းရငွေတိကိုတောင်  နေပြည်တော်အပါအ၀င် မန္တလေးနန်းကိုပင် ရွီချလာဖို့ ဖြိုက်တေ။
ပြည်နယ် ပြည်ပ မခွဲခြားဘဲ တပြည်းညီထားရေ ဆိုရေ ဗမာခေါင်းဆောင်တိ မူဝါဒ ကား အဂုလက်ရှိမှာ ဇာလဲဆိုစွာပေါ်လွင်နိန်ရေ ။
မိုးရီချိန် လက္ခ၂၀၀တောင် မပြည့်ရေ စစ်ကိုင်းနန့် တခြားနိန်ရာတိမှာ သီးထပ် စပါး စိုက်နိုင်ဗျာယ်။ ရခိုင်ပြည်မာကား ၀ီးလီစွ။

ရခိုင်ပြည်ကို ဘဏ္ဍာတိုက်လို့ ဗမာ စစ်ခေါင်းဆောင်တိက သတ်မှတ်ထားရေပိုင် ရခိုင်ပြည်မာ ကျလာရေ ဗိုလ်ချုပ်တိ၊ တိုင်းမှုတိရေ အပြန်ခရီးမှာ သောတ္တာ အပြည့် ထမ်းလားရေ။ 
ယင်းဖေ့သာတိ ဇာကရလဲ မီန်းစရာကား အများကြီး။ 
ရခိုင်လူမျိုးကိုဂုတ်သွီးစုပ်ပနာ ယူလားရေ ဖေ့သာတိနန့် ယာရှင်ကို မျောက်နှင်ဖို့ လုပ်နိန်ရေ လူတိလဲ မျိုဆို့ လားလီယင့်။။

နောက်ဆုံး အနိန်နန့် ပြောရကေ ရခိုင် အမျိုးသားတိုင်း တိကျ ပြတ်သားမှု တခုကို လိုအပ်နိန်ဗျာယ် ဖြိုက်တေ၊ လူမျိုးရေး ၀ါးမျိုခံ ဘ၀နန့် နိန်လားရဖို့လားဆိုစွာ စိုင်းစားကတ်စီလိုပါရေ။

ဒေပိုင် တိကျရေ လမ်းစိုင်းကို မလိုက်ခဆိုကေ သရက်ရင်ဆိုးသီး ဘ၀နန့် ခရီးဆက်ရဖို့ကိန်း သေချာပါရေ။ အမိကရခိုင် အဖကဗမာ  ပေါက်လာရေသားသမီးက သရက်ရင်ဆိုးသီး ပိုင်ဖြိုက်လားပါလိမ့်မေ။ မိမိဇာလူမျိုးလဲဆိုစော် လမ်းစ ပျောက်တေကိန်း ဆိုက်လာဖို့ဖြိုက်တေ။
ရခိုင်သားအားလုံးကိုလေးစားလျှက်
                                                                                                                                                                                                                                                                                မောင်လှအောင်

(ရခိုင်ရိုးမမှ ကူယူထားပါသည်)