Wednesday 17 August 2011

ရခိုင်လူထု လယ်ယာမြီပိုင်ဆိုင်ခွင့် နည်းပါးလာမှုတိရေ စစ်တပ်က ဖန်တီးနီခြင်းလော

ကိုလတ် (ရခိုင်ရိုးမ) June 10, 2011

ရခိုင်ပြည်အတွင်း အခြီစိုက်ထားရေ စစ်တပ်၏ လယ်ယာမြီ သိမ်းယူမှု ဥယာဉ်ခြံမြီ သိမ်းယူမှုရေ နှစ်ပေါင်း ငါးဆယ်ကျော်ကာလအတွင်း ၃၅ရာခိုင်နှုန်းရှိလာနီရေလို့ ရခိုင်လယ်ယာမြီ ကဏ္ဍကို လေ့လာနီရေ ပြည်တွင်းဒေသခံတချို့က သုံးသပ်ကတ်ပါရေ။

မြို့နယ်တိုင်းလိုလိုမှာ တပ်စွဲထားရေ စစ်တပ်က ယင်းဒေသတ၀ိုက်ရှိ ပြည်သူအများ လုပ်ကိုင်စားသောက်နီရေ ဥယာဉ်ခြံမြီတိကို သိမ်းယူမှုတိ ပိုများလာပြီးကေ ရှိအဆက်ဆက် ဘိုးဘွားပိုင် ရခိုင်လူထုမြီယာတိလည်း
တစတစပျောက်ကွယ်လာကြောင်း မင်းပြားမြို့နယ်က ရခိုင်ကွန်မြူနစ်ပါတီဝင် အသက်၇၀ အရွယ်ရှိ ရခိုင်အမျိုးသားတဦးက သူ့အတွိအကြုံကို ပြောပြခစွာ ဖြစ်ပါရေ။

“အခင်ရို့ခေတ်ကတော့ ဇာပင်ဆိုဆို ကျေးလက်ဒေသခံ တိရေ လယ်ယာမြီတိကို လူတန်းစိနီးပါး ပိုင်ဆိုင်ကတ်တေ။ 
 ကျွဲ အကောင်တရာ ရှိသူရှိ၊ လယ်ဧက ၀ါးတသောင်းရှိသူရှိ၊ ယင်းအချိန်က အဆင်ပြေကတ်တေ၊ စစ်တပ်က အာဏာသိမ်းလိုက်တေနောက်ပိုင်း ရခိုင်ပြည်မာ ဗမာစစ်တပ်စွဲမှုပိုများလာရေ၊ နီးစပ်ရာ လယ်ယာ မြီတိကို သိမ်းယူလာရေ။ 
ဥယာဉ်ခြံမြီ ၊တောင်ကုန်းတိကိုလည်း အာဏာကို အသုံးပြုလာရေခါ ရခိုင်တိအတွက် လုပ်စားစရာ မြီကွက် ရှားလာရေ
“လို့သူကဆိုပါရေ။

မင်းပြားမြို့နယ် ကျိန်းတောင်တောင်တန်းဒေသနန့် ကျိန်းတောင်အနောက်ဘက်ရှိ ဥယာဉ်ခြံမြီတိကို ခမရ ၃၇၉၊ ၅၄၁၊ ကနီ ပြည်သူတိလုပ်စားနီရေ လယ်ယာမြီတိ သိမ်းထားမှုကို အခြီခံပနာ သူက ပြောဆိုလိုက်ခြင်းဖြစ်ပါရေ။

ရခိုင်ပြည်အတွင်း ပြည်သူပိုင်လယ်ယာကဏ္ဍတိ ဆုံးရှုံးလာမှုရေ ရခိုင်ပြည်သူတရပ်လုံးအတွက် စီးပွားရေးအရ အကျပ်အတည်းကို ဖြစ်ပေါ်စီနိုင်ရေလို့ ရခိုင်လွှတ်တော် အမတ်တဦးက ဆိုပါရေ။

“လယ်ယာမြီဆိုစွာက ကျေးလက်ဒေသမှာ နီထိုင်နီကတ်တေ ရခိုင်လူထုအတွက် အဓိကလုပ်ငန်းပါ၊ ဒေလယ်ယာ မြီတိကို အခြီခံမှ ကျေးလက်ပြည်သူတိ ၀မ်းစာဖုံလှုနိုင်ဖို့လေ၊ ခုက ကျေးလက်ပြည်သူ အများစုရေ ဒေသတွင်းဝမ်းစာ မဖူလုံကတ်ဗျာယ်” လို့  သူက ပြောပါရေ။

နှစ်ပေါင်းငါးဆယ်ကျော်အတွင်း ရခိုင်လူထု လယ်ယာမြီပိုင်ဆိုင်မှု နည်းပါးလာခြင်းရေ လက်ရှိ အုပ်ချုပ်သူတိ၏
စီမံခန့်ခွဲမှုနန့် စနစ်တကျ မရှိရေ အတွက် ကျေးလက် ဒေသတိမာ ယင်းပိုင်အဖြစ်မျိုးတိ ကြုံနီရစာဖြစ်တေလို့
၂၀၁၀ရွေးကောက်ပွဲမှာ ပြည်သူ၏ အခွင့်အရေးကို လွှတ်တောင်မာ တောင်းဆိုတင်ပြလားဖို့ဆိုရေ ကြွေးကြော်သံနန့် ချီတက်လာရေ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီက ဗဟိုကော်မတီဝင် တဦးက ဆိုပါရေ။

လက်ရှိ အနီအထားမှာ အရပ်သားအုပ်ချုပ်တေ အစိုးရလို့ဆိုကေလည်း စစ်တပ်၏ သြဇာလွမ်းမိုးမှုအောက်မာ ရှိနီဆဲလို့ ၁၉၉၀ ရွီးကောက်ပွဲ ပါဝင်ခရေ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင် တဦးက သုံးသပ်ပါရေ။

မြို့ထက်အသိုင်းဝိုင်းမှာ စစ်တပ်၏ သြဇာ မှေးမှိန်နီရေလို့ဆိုကေလည်း နယ်ဘက်မာရေ ဂနိထိ စစ်တပ်က အာဏာရှိနီဆဲဖြစ်တေလို့ ဒေသခံတိက ပြောပါရေ။
လွန်ခရေရက်အနည်းငယ်ကလည်း ကျောက်တော်နန့် ကျောက်ဖြူမြို့နယ်ရို့မှာ ပြည်သူတိ လုပ်ကိုင်စားသောက်နီရေ ဥယာဉ်ခြံမြီတချို့ကို ဗျူဟာမှူး အမိန့်နန့်သိမ်းယူလိုက်တေလို့ မြို့ခံတိက ပြောပါရေ။

ယင်းအနီအထားကိုကြည့်လိုက်ခြင်းအားဖြင့် စစ်တပ်၏ အခန်းကဏ္ဍကို လက်ရှိ ရခိုင်ပြည်နယ် လွှတ်တော်က မကျော်လွှားနိုင်စွာကိုတွိရရေ။
ကိုယ်တိုင် လယ်ယာမြီဧက ၀ါးတစ်ထောင် အသိမ်းခံရရေ မင်းပြားမြို့နယ်က လယ်သမားတဦးက “ဒေလယ်ယာမြီတိက ကျနော်ရို့ ဘိုးဘွားပိုင်လုပ်လာကတ်တေ လယ်ယာမြီတိပါ။ ကျနော်ရို့လက်ဆင့်ကမ်း လုပ်လာစွာ။ 
ယင်းချင့်ကို စစ်တပ်က ဇာပိုင်လုပ်လဲဆိုကေ မြို့နယ်မြီစရင်းနန့် ကတ်ပနာ သိမ်းယူစွာ၊ အဓိက လယ်ယာမြီပိုင်ဆိုင်ရေ အချက်အလက်တိ မရှိလို့ပါ၊ ကျနော်ရိုအဖ အဘိုးအဘောင်ခေတ်ကလဲ ဒေပိုင်လယ်လုပ်လာစာ ဇာက လယ်ယာပိုင်ဆိုင်ရေ အထောက်အထားတိရှိဖို့လဲ”လို့ သူကဆိုပါရေ။

ကျေးလက်ဒေသ ရခိုင်လူထု အဓိကကြုံနှီရရေ ပြဿနာလယ်ယာမြီ ပိုင်ဆိုင်ကြောင်း အထောက်အထား မရှိခြင်းပါ။ 
ယင်းချင့်သည်ရေ အာဏာပိုင်တိအတွက် အားသာချက်တရပ် ဖြစ်လာပါရေ။
စစ်တပ် ကြီးမားရေခြံတိကို ပိုင်ဆိုင်ထားလို့ စားကျက်မြီအတွက်လည်း ရှားပါးမှုကို ရင်ဆိုင်နီရကတ်စွာ  တွိရရေ။

ပုဏ္ဏားကျွန်းမြို့နယ်နန့် မြောက်ဦးမြို့နယ်ရို့မာ စစ်တပ်၏ လယ်ယာမြီသိမ်းထားမှုရေ ကျေးလက်ဒေသ ရခိုင်လူထုကို
ဂုတ်သွီးစုတ်နီခြင်းလို့ အများစုက ယူဆကတ်ပါရေ။ 
ယင်းပိုင် ရခိုင်ပြည်နယ်အတွင်း လယ်ယာမြီဆုံးရှုံးမှုကို ရခိုင်လူတန်းစားတရပ်က မဖြေရှင်းပီးနိုင်စွာရေ အားနည်းချက်တရပ် ဖြစ်တေလို့ ပြည်ပရောက်ရခိုင်နိုင်ငံရေးသမားတဦးက ဆိုပါရေ။

“ကျနော်ရို့ သတင်းတိုင်းလိုလိုမှာ ကြားရရေ ဗမာပြည်ဘက်တိမာ လယ်ယာမြီတိကိုစစ်တပ်က သိမ်းလို့
တက်ကြွလုပ်ရှားသူတိက ပြန်လည်ဖြေရှင်းပီးရေ ဆိုစွာတိ၊ ဂနိရခိုင်ပြည်မာ လယ်ယာမြီတိကို စစ်တပ်ကမတရား သိမ်းပိုက်နီစွာတိကို မီဒီယာတိကမဖော်ပြကတ်၊ ယင်းလယ်မြီတိကို ပြန်လည်ရရှိအောင်လဲ လုပ်ပီးသူတိကမရှိ ဆိုရေခါ စစ်တပ်ကပိုရောဂါ ဆိုးလာစွာဖြစ်တေ”လို့ ပြောပါရေ။

နောက်ပိုင်းဆယ်စုနှစ်ကာလအတွင်း ရခိုင်လူထုလယ်ယာမြီ ပျောက်ဆုံးလာနိုင်ရေ အကြောင်းတရပ်မှာ စစ်တပ်၏ အခန်းကဏ္ဍ ပျက်သုန်းမှုမရှိသကြား ရှိနီဖို့လို့ လေ့လာသူတိက ဆိုကတ်ပါရေ။

၁၉၉၁-၉၃- ခုနှစ်ဝန်းကျင်ကလဲ ရခိုင်ဒေသအတွင်း ဆန်စပါးထွက်ရှိမှု စံချိန်တင်နိုင်ခကေလဲ ၂၀၀၀-ပြည့်နှစ်ကပင် ကျေးလက်ဒေသတိမာ လယ်ယာမြီတိ ပိုင်ဆိုင်မှု တစတစလျှောနည်းလာစွာကို တွိရရေ။
ဆယ်စုနှစ်အတွင်း အစိုးရ၏ လယ်ယာမြီ ပြန်လည်ဖော်ထုတ်ရေးဆိုရေ စီမံကိန်းသည်လဲ အကျုံးမ၀င်စွာရှိရေပိုင် တခြားပြဿနာ တရပ်ဖြစ်ရေ
လယ်ကွင်းတိကို သားငါးပုစွန်မွေးမြူဖို့အတွက် တာတမံ ပုစွန်ကန်တိအဖြစ် လုပ်ဆောင်နီခြင်းစွာလဲ လယ်ယာမြီ ဆုံးရှုံးမှု၏ ဒုတိယဇာစ်ဖြစ်လာပါရေ။

ရခိုင်လူထုလယ်ယာမြီဆုံးရှုံးလာမှု မူလဇာတ်ဖြစ်တေ စစ်တပ်နန့် တတိယဇာတ်မြစ်ဖြစ်တေ ပြည်သူရို့၏ လယ်ယာမြီကို အလွဲသုံးစားရောင်းချနီမှုဆိုစွာလဲ လယ်ယာမြီပိုင်ဆိုင်ခြင်းဆုံးရှုံးမှုပင် ဖြစ်တေ။ တဖက်မာလဲ ကျေးလက်ဒေသရှိ ပြည်သူ၏ ဆင်းရဲမှု ထွက်ပေါက်သည်ရေ လယ်ယာမြီကို ရောင်းချမှုပင်။
ပြည်နယ်အတွင်း အလုပ်အကိုင် အခွင့်အလမ်းနည်းပါးမှု ဒဏ်ကို
ကျေးလက်ပြည်သူတိ ခံနီဆုံးဖြစ်တေလို့ အများစုကသုံးသပ်ကတ်ပါရေ။

အပြောင်းအလဲတခုလို့ အများစုက ထင်မြင်ချက်အပေါ် ရခိုင်လူထုမျှော်လင့်ချက်ရေ လက်ရှိ အုပ်ချုပ်ရေ အစိုးရတရပ်၏
ထိန်းကျောင်းမှုအောက်မှာ ပျောက်ကွယ်နီဆဲ ဖြစ်တေပိုင် လယ်ယာမြီကို ပြန်လည်ရရှိဖို့နန့် စစ်တပ်၏ ပြည်နယ်အတွင်း အာဏာထိန်းချုပ်မှုအောက်ကရုန်းထွက်ဖို့ လိုအပ်လာရေလို့ ရခိုင်လူထုက ရှုမြင်လာကတ်တေ။ 
ဘိုးဘွားပိုင် လယ်ယာမြီတိ လက်လွှတ်ဆုံးရှုံးလိုက်ရမှုနန့် ကျေးလက်ဒေသ ဆင်းရဲကျပ်တည်းမှုဒဏ်ကို  ခံစားနီရလို့ ယင်းသို့ ထွက်ပေါက် ပေါ်လာခြင်းဖြစ်တေ။

ရခိုင်ဝါရင့် နိုင်ငံရေးသမားတဦးက “ လွှတ်တော် အသီးသီးမှာ ရခိုင်ကိုယ်စားပြုအမတ်တိရှိကေ  ရခိုင်လူထုအတွက်
တကယ်တမ်း အကျိုးပြုလုပ်ငန်းပိုင်းမာကျကေ လုပ်ပိုင်ခွင့်မရှိနိုင်ပါ၊ နောက်တခုက ဂနိရခိုင်ပြည်မာ အရပ်သားအစိုးရ အုပ်ချုပ်တေလို့ပြောပြော စစ်တပ်က အာဏာပြ အလွဲသုံးစားလုပ်နီစွာတိက ရှိနီရေ”လို့ဆိုပါရေ။

(ရခိုင်ရိုးမ သတင်းဌာနမှ ကူယူထားပါသည်)

No comments:

Post a Comment