Wednesday, 17 August 2011

ဇိုင်းပြတ်နီခကေ ရိုင်းလားလီဖို့  ရာဇ၀င်

ဂါကရာ ဘင်းဂျီကျလို့  စိုက်ပီးခရဖို့ ဆိုကေ တခုချေလဲ မလုပ်စွာက အကောင်း ဆုံးရာလို့  ပြောကတ်စွာပါဗျန်ကာ။ 
ပုဒ်နင့်ရိုင်နင့် ဟိခရေ စပါးတိကို ကြည့်ပနာ ခြီကန်လို့  စားနီခရေ ဘ၀တိကို တခါတခါ ပြောကတ်စွာပါဗျန်။
ယေအခါ သောက်လျှာပိုင်းကို ခေါင်းအုံးလို့  လီသသွပ်နင့် ဇရပ်ထက်မှာ ပြောခကတ်စွာ နီခစွာတိကို မမိနိုင်စွာက  အစိုင်အလာပါကားယေ။ 
ပဇေါင်ပင်ဖြစ်ဖြစ် မြီကိုချစ်လို့  မြီကိုဖက်ပနာ နီခကတ်တေ လူတိဘ၀မှာ အခုဆိုကေ မြီလဲပျောက် နီစရာလဲ ပျောက်နီရကတ်ပါဗျန်ဝါ။

တလိုင်းက လယ်တိကို သိမ်းပလိုက်စွာ တတက်ပြောင်ဖို့ ဗျန် ဆိုပနာ ပြောသံတိ ကြားလိုက်ရပါယင့်။ စစ်တပ်က သိမ်းပလိုက်စွာ ရခိုင်ပြည်မှာ တ၀က်ကျော် မဟိလိုက်ပါဗျန်လို့  ပြောသံတိကို ကြားရစွာပါဒေ။ လယ်ကိုသိမ်းစွာပိုင် လယ်လုပ်ဖို့  ကလေချေတိကလဲ ကိုယ့်မြီကိုယ်ဒေသမှာ မနီဘဲနင့် နိုင်ငံခြားကို ထွက်လားရေလူ တခြားပြည်နယ်တိကို ထွက်လားခရေ လူတိကား မကန်ပါကားယေ။

ရွှီကျောင်းပြောင်ပြောင် ၀မ်းခေါင်ခေါင် ဖြစ်နီရစွာ ဘ၀မှာ ဇါသူက ပျော်ကတ်ပါဖို့ လဲ ချင့်၊ ယေကေ စားရဖို့  သောက်ရဖို့  တနီတရပ်မှာ လုပ်လို့ ကိုင်လို့ ရကေ  လားကတ်စွာရာ ပါမနား။
အခုတလိုင်း ရခိုင်မြီမှာ ရခိုင်သားတိကို ကြံ့ဖွံ့က မောင်ဦးက ခြိမ်းခြောက်လာရေအခါ ရန်သူက ဇါနှစ်မျိုးလဲလို့  စိုင်းစားလာကတ်ရပါရေ။

ကိုယ့်မင်းကိုယ့်ချင်းနင့် နီခကတ်တေ ရခိုင်လူမျိုးတိက တခြားလူမျိုးပါးမှာ အဆဲခံ အနှိမ်ခံ အပြောခံရစွာ ဒေခုအချိန်မှာ တဖေ့ချေလောက် နာရမှန်း ကောင်းကောင်း သိလာကတ်ပါဗျန်ထော။ 
အများကြီး မနာတတ်တေအတွက် အများကြီးပင် ဆဲစွာ ခံရမှ ကောင်းဖို့ယေလို့  ပြောကတ်သံလဲ ကြားလှာရပါသိရေယေ။ 

ဇါဖြစ်လို့ ဆိုကေ အသိနာမှ ဘ၀ကို စိုင်းစားကြည့်ဖို့ တတ်ကတ်ဖို့  ဖြစ်နီလို့ ပါဒေ။
ရခိုင်လူမျိုးဆိုစွာ  ကိုယ့်မင်းကိုယ့်ချင်း ကိုယ့်နိုင်ငံနင့် နီခကတ်စွာပါရာ။
ယင်းပိုင် နီခရေအခါ မြောက်ဦးထီးနန်းကို ဆက်ခံရေ မင်းခရီက ရခိုင်ရိုးမတောင် တောင်ပိုင်းမှာဟိရေ ဖိုးခေါင်တောင်ထက်မှာ သက္ကရာဇ် -၈၁၆-ခုနှစ် တန်ခူးလဆန်း-၆-ရက်နိမှာ ဒေနိုင်ငံတော်ကား ရခိုင်နိုင်ငံတော်လို့  ရင်ကော့ပနာ ကြိမ်းဝါးခရေ ရခိုင်နိုင်ငံတော်ဖြစ်ပါရေ။

ယင်းရခိုင်နိုင်ငံတော်ကို ရခိုင်လူမျိုးတိက သုံးကြိမ်တိုင်တိုင် နှစ်ပေါင်းနှစ်ရာကျော်အတွင်း ပျောက်ဆုံးခလားရပါဗျန်ကာ။ 
ပထမတကြိမ် ရခိုင်သားအချင်းချင်း မစီးရုံးနိုင် မညီညွတ်ခနိုင်ကတ်လို့  ရန်သူလူမျိုးခြားကို ယုံကြည့်လို့  ဖြစ်ခရပါရေ။
ယင်းချင့်ပထမအကြိမ်က အေအီ- သက္ကရဇ် - ၁ရ၈၄-ခုနှစ် ဒီဇင်ဘာလ- ၃၁- ရက်နိဖြစ်ပါရေ။ 
ဒုတိယ အကြိမ်ကား အေဒီ-သက္ကရဇ် -၁၉၄၈-ခု ဇန္န၀ါရီလ-၄-ရက်နိဖြစ်ပါရေ။ 
တတိယအကြိမ်ကား ၂၀၁၁-ခုနှစ် ပါကားယေ။
ယေကေ ဇါဖြစ်လို့  ဒေပိုင် ရခိုင်လူမျိုးတိအတွက် ရခိုင်နိုင်ငံတော်ပျောက်လားခရေနိတိလို့  အတိအကျ ပြောကတ်ရစွာပါလဲလို့  မီးစရာ ဟိပါရေ။

အမှန်က ရခိုင်လူမျိုးဆိုစွာ သက္ကရဇ်-၁၇၈၄-ခုနှစ်မှာ အောက်သားဘုရင်က သိမ်းပိုက်ခခြီကေလဲ ဖြစ်လိုက်ရရေ စစ်ပွဲကား နည်းစွာကား မဟုတ်ပါဒေ။
သီလားခရစွာက ရွီတွက်လို့  မရလိုက်ပါဗျန်ကာ။ 
နှစ်ပေါင်း-၄၀- စစ်ပွဲ ဖြစ်ပြီးနောက် - ၁၈၂၄-ခုနှစ်လောက်မှာ ရခိုင်နိုင်ငံတော်ကို ဗြိတိသျှ အင်္ဂလိပ်တိက သိမ်းပိုက်လားခစွာနင့် အင်္ဂလိပ်ပါးမှာ ကျွန်ဘ၀ကို ရောက်လားခရစွာပါရာ။ 
ဒေပိုင် အင်္ဂလိပ်ပါးမှာ ကျွန်ဘ၀ကို ရောက်လားခစွာက အောက်သားလက်အောက်မှာ မနီချင်လို့  အင်္ဂလိပ်တိနင့် ပေါင်းပနာ တိုက်ခကတ်လို့  အင်္ဂလိပ်ပါးမှာ ကိုလိုနီဖြစ်လားရစွာပါချင့်။
အင်္ဂလိပ်တိကို တော်လှန်  ရေးလုပ်လို့  ဂျပန်နိုင်ငံက ရခိုင်ပြည်ကို သိမ်းပိုက်ခရေခါမှာလဲ ရခိုင်နိုင်ငံတော်က ဂျပန်ပါးမှာ ကိုလိုနီဖြစ်နီခစွာပါရာယေ။

ယေကေ ဂျပန်ကိုတော်လှန်ဖို့ အင်္ဂလိပ်တိပါးမှာ ရခိုင် တော်လှန်ရီးသမားတိက ချဉ်းကပ်တေအခါမှာ ရခိုင်နိုင်ငံတော် ပြန်လည် ရရှိရီးဆိုစွာ ပျောက်လားခပါဗျန်။
ရခိုင်နိုင်ငံရီးသမားတိက နိုင်ငံရီးတွက်ချက်စွာ မှားလားခလို့  အင်္ဂလိပ်တိက မြန်မာနိုင်ငံကို လွပ်လွပ်ရီး ပီးလိုက်တေအခါ ရခိုင်နိုင်ငံတော် လုံးဝပျောက်လားခရပါရေ။
ယေဇူးနင့်လဲ အခုတခါ ၂၀၁၁- ရွီးကောက်ပွဲ လုပ်တေအခါမှာလဲ ရခိုင်နိုင်ငံတော်ပျောက်လားခစွာ သမိုင်းမှာ သုံးကြိမ်တိုင်တိုင် ဖြစ်လားခရပါဗျန်လို့  ပြောရစွာဖြစ်ပါယင့် ။
ကောင်းပါဗျန်ဒေ ။ 
ဒေပိုင်ဖြစ်နီရစွာမျိုးကို ပြန်လို့  ရခိုင်နိုင်ငံတော်အတွက် ဖြီရှင်းရဖို့  နည်းလမ်းတိကို စိုင်းစား နီကတ်ရပါရေ။

ပထမအဆင့်အနီနင့် ကုလသမဂ္ဂမှာ ရခိုင်နိုင်ငံတော်ကို ကိုလိုနီဖြစ်နီစွာက ဖျက်သိမ်းရီးကို လုပ်ဖို့  လိုနီပါရေ။ ဒေပိုင်လုပ်ဖို့ လိုနီစွာမှာ ရခိုင်လူမျိုး တစုချေ တဖေ့ချေ လုပ်နီလို့  မရပါဒေ။
တကမ္ဘာလုံး ရခိုင်လူမျိုးတိက ၀ိုင်းဝမ်းပနာ လုပ်ကတ်ရဖို့ စွာ ဖြစ်ပါရေ။

ရခိုင်လူမျိုးတိ ရင်ထဲက မကြီနပ်နိုင် ဖြစ်နီရေ ပြသနာတိကို ကုလသမဂ္ဂက သိဖို့  လိုရေအချိန်ဖြစ်နီပါရေ။ ဒေပိုင်သိမှ လုပ်ရဖို့  ကိုင်ရဖို့စွာ လွယ်လားပါဖို့ဒေ။ 
ဒေပိုင် ကိုလိုနီဖျက်သိမ်းရီးးအတွက် ရခိုင်လူမျိုး ပညာတတ်ကလေချေတိ ကောင်းကောင်း လိုနီပါဗျန်ဒေ။

နိုင်ငံတကာက သမ္မတတိ၊ အစိုးရတိ၊ လွှတ်တော်ကိုယ်စားလှယ်တိနင့် စကားပြောဖို့  အင်္ဂလိပ်စကားတတ်တိ မျိုးချစ် ရခိုင်လူငယ်ချေတိ ကောင်းကောင်းကြီး လိုနီလာပါရေဒေ။
ဒေပိုင်လိုအပ်တေလို့  ပြောရစွာကလဲ အခုအချိန်မှာ အဂင့်ဂင့်လိုနီလို့ ရာ ပြောဖြစ်စွာပါရာ။ 
ညဇက ရခိုင်သမိုင်းတိကို အင်္ဂလိပ်ဘာသာနင့် ရီးနီရေ ရခိုင်သမိုင်း စာရီးဆရာကြီး ဦးအောင်လှသိန်း သွီးတိုးရောဂါနင့် ဆီးရုံးကို အသည်းတပြင်း တက်လားခရရေလို့  သတင်းကြားရပါရေထော။
ယေကေ မျက်စိပြူးလားရစွာ ပါကားယေ။

ဆရာဦးအောင်လှသိန်းက တခြားသုတေသီတိပိုင် ရခိုင်သမိုင်းကို ရခိုင်စာနင့် မရီးဘဲ အင်္ဂလိပ်စာနင့် ရီးနီရေ စာရီးဆရာကြီးဖြစ်လို့  ကောင်းကောင်းပင် လေးစားချစ်ခင် အားကိုးအားထား ပြုရရေ ရခိုင်သမိုင်း ဆရာကြီး တယောက်ပါဒေ။ 
ဒေပိုင်ဆရာကြီး တယောက်က မကျမ်းမာ နီမကောင်း ဖြစ်လို့  သတင်းကြားရစွာထက် ဆီးရုံမှာ ခေါင်းမူးလို့  လဲကျလို့  လားပနာ သတိတောင် မရဆိုရေကာ ကောင်းကောင်းပင် စိုးရိမ်စိတ်တိ ၀င်လားခရပါရေ။

ယေဇူးနင့် အဆက်အသွယ်တိကို မီးရပါရေ။
စုံစမ်းရပါရေ။ နောက်တရက်နိ အိပ်ရာက ထရေအခါ ချက်ချင်း သတင်းကို မီးကြည့်ရပါရေ။
ယေခါ သက်သာလားဗျန် ဆိုရေ သတင်းကို ကြားရလို့  စိတ်အီးလားရပါရေ။
ယင်းအတွက်တာနင့်လဲ ဒေဆောင်ပါးကို ရီးဖြစ်စွာလို့  ဆိုကေ မှားဖို့  မထင်ပါကားဒေ။
ရီးရေလူကတော့ ခေါင်းမူးပနာ ရီးနီစွာပါချင့်။ 
ဒေအေကြောင်းကို နောက်မှာ ပြောပြပါမေ။

ရခိုင်သမိုင်းဆရာကြီးက မျိုးဆက်သစ်တိကို သိအောင် နားလည်ကတ်အောင် ရီးပြ ပြောပြနီရေခါမှာ တန်ဖိုးဖြတ်မရနိုင်လောက်အောင် ကျေးဇူးတရား ကြီးမားလွန်းပါရေ၀ါ။ ယင်းပိုင်ကျေးဇူးကြီးမားရေအတွက် ရခိုင်ဆိုစွာ ဇါလေဆိုပနာ လက်မချေတိ ထောင်ဗြီးကေ ရင်ကော့ နိုင်ကတ်စွာ မဟုတ်ပါလားယေ။ 

ယေကေတောင်မှ ဆရာကြီးတိက အသက်အရွယ်တိကြီးလို့  ဇရာပိုင်းကို ရောက်လာရေအခါ မျိုးဆက်သစ် ရခိုင်သမိုင်းဆရာတိက လက်ဆင့်ကမ်း ယူနိုင်ကတ်ဖို့ လား ဆိုစွာကို စိုင်းစားကြည့်ဗျန် ရင်မအီးပါဒေ။
ဇါပင်ဖြစ်ဖြစ် သမိုင်းဆရာကြီး ဦးအောင်လှသိန်းက ရခိုင်နိုင်ငံတာဝန်ကို ထမ်းဆောင်ဖို့  မျိုးချစ် သူရဲကောင်းအဖြစ် ကျမ်းမာနီလားခပါဗျန်။ 
ဆရာကျမ်းမာလားစွာနင့် ပါတ်သက်လို့  ဇါဖြစ်လို့  ခေတ်ပညာတတ် မျိုးဆက်သစ် ပညာတတ်ကလေချေတိ ဇါအတွက် အများကြီး ပေါ်ပေါက်ဖို့  လိုအပ်နီပါလေလို့  မီးချင်ပါကတ်လိမ့်မေ။
အဖြီက ရှင်းနီပါရေယေ။

ယင်းပိုင် မျိုးဆက်သစ် ပညာတတ် ရခိုင်သမိုင်းဆရာတိ မဟိကေ ဇါပိုင်ပင် ရခိုင်နိုင်ငံတော်အကြောင်းကို ပြောနိုင်ကတ်ပါဖို့ လဲ ။
ဇါပိုင်ပင် ရီးနိုင်ကတ်ပါဖို့လဲ။ ဇါပိုင်ပင် အရှင်နာဂိန္တမော်ကွန်းပိုင် အမျိုးသီလ-နှစ်ဌါနကို - ပြည့်ဝမဏ္ဍိုင်-စောင့်စွမ်း နိုင်သည်လို့  ရီးလူဟိကတ်ပါဖို့ လဲ ယေ။
ဆရာဦးအောင်လှသိန်းရို့ပိုင် အင်္ဂလိပ်ဘာသာနင့် ရီးလူဟိမှ အင်္ဂလိပ်ပိုင်နားလည်ရေ လူမျိုးတိက သိကတ်ပါဖို့ ဒေ။ 
ယေကေ ရခိုင်နိုင်ငံတော်အကြောင်းကို အလှပလှ သိလီကတ်ဖို့  စွာပါမနား။ 
ယင်းချင့်ပါဗျန်ယေ အဖြေက။ 
ရခိုင်လူမျိုးချေတိက ရခိုင်နိုင်ငံတော်ကို ကိုလိုနီ ဖျက်သိမ်းပီးရီးအတွက်  လစိုင်လတိုင်း  ကုလသမဂ္ဂရုံးရှေ့မှာ တောင်ဆိုလာကတ်ဗျန်ဆိုကေ  တနိမှာ နိုင်ငံတကာခေါင်းဆောင်တိနင့် လုံးဝစကား ပြောလာရဖို့ ဗျန်ဒေ။

ယင်းချင့်ကရာ နိုင်ငံရီးအရ ရခိုင် လူမျိုးတိအတွက် အမြတ်အစွန်း ရလာဖို့  စွာပါရာ ။ 
အခုဆိုကေ သမိုင်းလိမ်မူဆလင် ကုလားလူမျိုးတိက ရခိုင်လူမျိုးအဖြစ် အိမ်ရှင်လုပ် လာနီကတ်ပါရေဒေ။ တရက်နိကလဲ အင်္ဂလိပ်အမျိုးသမီးတယောက်က မြန်မာပြည်မြီပုံမှာ ရခိုင်လူမျိုးတိနီရေ ဒေသဖြစ်တေ ရခိုင်ပြည်မှာ ယင်းသူရို့ မူဆလင်ကုလားလူမျိုးတိရာ နီထိုင်ရေ ဆိုပနာ ဓါတ်ပုံတိထည့်လို့  လုပ်ဗြီးကေ အသံလွှင့်ပါသိရေ။
အခုလဲ ကာဇစ်စတန်နိုင်ငံမှာ သမိုင်းလိမ်မူဆလင်ကုလား လူမျိုးတိက ညီလာခံလုပ်ပနာ ကြီးကြီးကျယ်ကျယ် လုပ်စွာ မြင်နီရပါရေ။

ယင်းညီလာခံမှာ ဥရောပရီးရာအဖွဲ့က ဦးဟန်ညောင်ဝေက ဒါရိုက်တာအဖြစ် လားလို့  တက်နီစွာ မြင်ရပါရေ။ ဦးဟန်ညောင်ဝေ-က ရှမ်းလူမျိုးဖြစ်ဗြီးကေ မြန်မာနိုင်ငံ လွပ်လွပ်ရေး - ရရေအခါ သမတဖြစ်လာရေ ရှမ်းလူမျိုး စပ်ရွှေသိုက်၏ သား ဖြစ်ပါရေ ။
သမ္မတစပ်ရွှေသိုက်က ရှမ်းနိုင်ငံရီးသမားဖြစ်ကေလဲ ဦးဟန်ညောင်ဝေက နိုင်ငံရီးသမားတယောက် မဟုတ်ပါယေ။ 

ဇါဖြစ်လို့ ဆိုကေ ရှမ်းလူမျိုးအရီးကို နိုင်ငံရီးလုပ်နီစွာမဟုတ်ဘဲ အကြံအဖန် နိုင်ငံရီးလုပ်နီရေ လူရာဖြစ်ပါရေ။
ဥရောပရီးရာအဖွဲ့ကို ဖွဲ့ထားရေဆိုရေအခါ ဒေါ်လာတိက ရလာဗြီးကေ တိုင်းရင်းသား လူမျိုးစုတိကို ပူးပေါင်းဖွဲ့ စည်းထားစွာဖြစ်ပါရေ။ 
ယင်းပိုင်တိုင်းရင်းသားအဖွဲ့ ထဲမှာ သမိုင်းလိမ် မူဆလင်ကုလားလူမျိုးတိက တိုင်းရင်းသားလူမျိုးစုအဖြစ် အသိအမှတ်ပြုခံဖို့  လုပ်နီကတ်စွာဖြစ်ပါရေ။

ယေကေလဲ ရခိုင်လူမျိုးတိက လက်မခံရေအခါ သမိုင်းလိမ်မူဆလင်ကုလားတိက ဒေါ်လာကုန်ဗြီးကေ အလုပ်မဖြစ်စွာရာ ဟိရပါဖို့ ကာ။
ရခိုင်လူမျိုးတိက ဒေအချက်ကို မမိဘဲ သိထားရဖို့  လိုပါရေ။ 
ဇါဖြစ်လို့ ဆိုကေ အာဆီယံညီလာခံမှာ မူဆလင်နိုင်ငံတိက စစ်အစိုးရကို ဖိအားပီးနီစွာမှာ လွပ်လွပ်စွာ ဘာသာရီးကို ကိုးကွယ်ခွင့်နင့် ကိုင်ဗျန် မူဆလင်လူမျိုးတိကို အသိအမှတ် ပြုပီးဖို့ တောင်းဆိုနီကတ်ပါရေ။ 

ယင်းပိုင်စွာနင့် ပါတ်သက်လို့  အပီးအယူ လုပ်နီကတ်စွာမှာ အာဆီယံဥက္ကဌ ဖြစ်ချင်ကေ မူဆလင်ကုလားတိ တောင်းဆိုစွာကို လိုက်လျှောကေ ဥက္ကဌ ရာထူး နီရာရအောင် လုပ်ပီးနိုင်ရေလို့  အာဆီယ့အဖွဲ့ ဝင်နိုင်ငံတိက ပြောဆိုနီကတ်ပါရေ။

အာဆီယံနိုင်ငံမှာ မူဆလင်ဘာသာဝင်နိုင်ငံတိက အများကြီး ပါရေပိုင် အာဏာရှိနိုင်ငံတိကလဲ ပါနီပါရေ။ ယင်းပိုင်စွာ အခွင့်အရီးကို ယူဖို့ အခါမှာ ဦးဟန်ညောင်ဝေရို့ပိုင် လူတိကို ဒေါ်လာနင့် ပေါင်းပနာ ရခိုင်ပြည်ကို ရောင်းစားလီအောင် ကြံနီကတ်စွာဖြစ်ပါရေ။ 
ယေဇူးနင့် ဒေပိုင်စွာမျိုးကို အင်္ဂလိပ်ဘာသာနင့် ရီးပြတတ်တေ ဆရာကြီး ဦးအောင်လှသိန်း ရို့  ဦးအလုံးမောင်ရို့ပိုင် စာရီးဆရာကြီးတိ ဟိနီဖို့  မလိုပါလားယေ။ 

ရခိုင်နိုင်ငံရီးသမိုင်းနင့် ရခိုင်ရာဇ၀င်တိကို အင်္ဂလိပ်ဘာသာနင့် ရီးရေ သမိုင်းဆရာကြီးတိက ကောင်းကောင်း အရေးကြီးနီပါရေ။ 
အသက်အရွယ်ကြီးမြင့် ရေ သမိုင်းဆရာကြီးတိကို ကျမ်းမာကတ်စီဖို့  ဆုတောင်းပီးပါရေ။ 
ယေမှရာ ဇိုင်းပြတ်လီဖို့ စွာကို မပြတ်ရအောင် လုပ်နိုင်ကတ်ဖို့  မဟုတ်ပါလားယေ။
မျိုးဆက်သစ်ရခိုင်သမိုင်း ဆရာချေတိ သုတေသီတိ မပေါ်ပေါက်ခင် ပေါ်ပေါက်လာအောင် လက်ဆင့်ကမ်းပီးဖို့  ဆရာကြီးရို့ က အသက်ရှည် ပီးခဇီချင်ပါရေ။

ဇါဖြစ်လို့ ဆိုကေ ရခိုင်နိုင်ငံတော်ပျောက်လားခစွာကို မပျောက်ရအောင် ဆရာကြီးတိ ထိမ်းသိမ်းထားကတ်စွာကို ရခိုင်လူမျိုးတိုင်း သိရှိနားလည် ခံစားကတ်ပါဗျန်။ 
ပဇေါင်ပင်ဖြစ်ဖြစ် ရခိုင်နိုင်ငံအတွက် အခုအချိန်က စခါစရာ ဟိပါသိရေ။ 
ဒေပိုင်အချိန်မှာ ဆရာကြီးရို့  လမ်းညွှန် ပီးဖို့ လိုပါရေဒေ။

ဇိုင်းပြတ်လားကေ ရိုင်းလားလီဖို့  ရာဇ၀င်ကို မျက်စိထဲမှာ မြင်နီလို့ ပါဒေ။
ဒေဆောင်းပါးကို ရီးနီချိန်မှာ ခေါင်းတခုလုံးမူးလို့  ဥဏှောက်ထဲမှာ စိုင်းစားလို့  မရပါဒေ။ 
ယေကေလဲ သံဖုရာရည် တခွက်ကို အနားမှာထားဗျန် စာရီးယင်း သောက်ယင်း ရီးနီရစွာပါဒေ။ ကျွန်တော်မသီချင်ပါသိ။ 
စာတိကို ဆက်လို့  ရီးချင်ပါသိရေ။ 

ယေကေလဲ ရခိုင်သမိုင်းဆရာကြီး ဦးအောင်လှသိန်း သိဖို့  အစား ကျွန်တော်ရာ သီလီဖို့ဆိုကေ သီပီးလိုက်ချင်ပါရေ။ 
ဇါဖြစ်လို့ဆိုကေ ဇိုင်းပြတ်လားကေ ရိုင်းလားလီဖို့  ရာဇ၀င်တိကို ကျွန်တော် မစိုင်းစားဝံ့လို့ပါရာ။

ခိုင်အောင်ကျော် ( နယူးယောက် )

(ရခိုင်ရိုးမ သတင်းဌာနမှ ကူယူထားပါသည်)

စံ ရခိုင်စာပီပန်းတိုင်ကို လားရောက်ခြင်း

ရခိုင်စာပီအကြောင်းကို စဉ်းစားကေ အလွန်စိတ်မကောင်းဖြစ်ရပါရေ။ 
အေနိ ရခိုင်စာပီအရီးအသားပြဿနာစွာ တရက်ထက်တရက် ကြီးမားလာပါရေ။ 
စာပီပညာသျှင်တိက ယင်းပြသနာတိကို တင်ပြကတ်ကေလေ့ ဇာနည်းဇာပုံ ဖြေယှင်းရဖို့လို့ ဆိုကတ်စွာကိုတော့ခါ အဂုထက်ထိ မတွိရသီးပါ။

ရခိုင်လူမျိုးရို့ကို 'ရခိုင်စာပီ ရီးသားကတ်ပါ' လို့ပြောလိုက်တိုင်း 'စံအရီးအသား ဇာမာလေ' ဆိုရေ မီးခွန်းတိနန့်ဂျေး ကြုံတွိရပါရေ။
လက်ဟိရီးသားနီရေလူတိကလေ့ ရပ်စွဲရွာစွဲတိကို ရှိတန်းတင်ပနာ ရီးသားကတ်တေအတွက်ရခိုင်စာပီတိုး
တက်အောင်လုပ်စွာနန့်မတူဘဲ ရခိုင်စာပီကို ဖျက်ဆီးနီကတ်စွာနန့် တူနီပါရေ။အေပိုင်ရီးသားကတ်စွာရေ။

ရှီးခေတ်အဆက်ဆက်ကပင် ရီးသားလာကတ်တေ ဂန္ထဝင်ရခိုင်စာပီကို ဂျောင်ထိုးပစ်စွာနန့် တူရေပိုင် ရခိုင်စာပီမဟိခရေအတွက် ရခိုင်စာပီအသစ်တစ်ခု တီထွင်ရဖို့ ဆိုရေ အဓိပါယ်လေ့ သက်ရောက်လားပါရေ။
အေနိ ရခိုင်စာပီရီးသားကတ်သူ အများစုရေ ရခိုင်စာပီကို ကိုယ်ရို့ဒေသမာပြောဆိုကတ်တေ စကားသံအတိုင်း ရီးသားကတ်ပါရေ။
အေပိုင်ရာရီးသားနီကတ်ဖို့ဆိုကေ နောက်မကြာခင်မာ ရခိုင်စာပီ အရီးအသားပေါင်း သောင်းနန့် သိန်းနန့် ချီပနာ ဖြစ်လာနိုင်ပါရေ။

ဇာဖြစ်လို့ဆိုပါကေ ရခိုင်လူမျိုးတစ်ယောက်နန့် စကားသံကွဲပြားကတ်တေ အတွက်ကြောင့် ဖြစ်ပါရေ။ မြို့နယ်ဒေသကြီးတိကို ထားပါဖိ၊ ရွာချေတစ်ရွာတည်းမာတောင် တစ်ယောက်နန့်တစ်ယောက် ပြောစွာမတူကတ်ပါ။
ယင်းမတူကတ်စွာတိကို တရားသီဆုပ်ကိုင်ထားပနာ စာအဖြစ်ချရီးရေခါ ရခိုင်စာပီအဖြစ် နာမည်တပ်လာကတ်ပါရေ။

အေကြားထဲမာ အောက်သားဝေါဟာရတိကလေ့ တရက်ထက်တရက် တိုးဝင်လာကတ်တေ။
ယင်းအောက်သားဝေါယာရတိရေ အငြိမ်နီစွာမဟုတ်ပါ။
စစ်တကောင်းကုလားတိ ရိုဟင်ဂျာ နာမည်ခံလာရေပိုင် ယင်းအောက်သားဝေါဟာရတိလေ့ ' အမျိုးအစားကွဲပြားရေ ရခိုင်စကား' ဆိုရေ နာမည်ကို ကျော်ပနာ ဘုံရခိုင်စကား ဆိုရေ နီရာကို ယူလာစွာက ကောင်းရင်နာဖို့ ကောင်းပါရေ။

ရခိုင်လူမျိုးတိမာ အချင်းချင်းအသိအမှတ်မပြု၊ အောက်သားတိနန့်ကျကေ ပု နီကတ်တေဆိုစွာ အေနီရာမာလေ့ တွိနိုင်ပါရေယေ။ ဥပမာအဖြစ်နန့် ဝေါဟာရတစ်ခုကို ပြရဖို့ဆိုပါကေ "မေမေ" ကို ကြည့်ပါ။
ရခိုင်ရို့မာ အမင်၊ အမိ၊ မိမိ၊
အမိုင်း၊ အီးယောင်၊ အီးယေ ဆိုရေ အသုံးအနှုန်းချေတိ မကန်ဟိယင့်သားနန့်  အေ 'မေမေ' ဆိုရေအောက်သားစကားကို ခြီခြီငံငံ ပြောလာကတ်စွာ ကောင်းအံ့သြဖို့မကောင်းပါလား။ 

အေ မေမေ စွာ အယင်က ရခိုင်ပြည်ဇာနီရာမာလေ့ မသုံးခကတ်ပါ။
အေနိ အေစကားကို သုံးလာကတ်စွာရေ အောက်သားတိကို အထင်ကြီးရေအတွက်ကြောင့် လို့ စွပ်စွဲရဖို့ပိုင်ဖြစ်နီပါရေ။
နောက်နောင်အေပိုင် မဖြစ်ရအောင် ဇာပိုင်လုပ်ကတ်ကေ ကောင်းပါဖို့လေး။
(ဇာလောက်ပင် မိရိုးဖလာ ရခိုင်စကား ဖြစ်လီပတ်စီ၊ ရခိုင်တစ်မျိုးသားလုံးအတွက်မဖြစ်နိုင်ပါကေ ယင်းစကားကို အရီးအသားထဲမာာတင်ပနာမရီးသင့်ပါ။ 

ရခိုင်ရို့မာ ဗျာလ်၊ ဗျာ၊ ယာလ်၊ယာ အားလုံးတတူတူပါ။ 
အဂေါင့်ဂေါင့်၊ အဂုန့်ဂုန့်၊ အဂင့်ဂင့် အားလုံးတတူတူပါ။ 
ယကေလေ့သော့၊ ယကေလေ့သွင့်၊ ယကေလေ့သင့်၊ယကေလေ့သောက် အားလုံးတူပါရေ။ ယင်းအထဲက အများသုံးရေစကားစွာ ကိုယ်ရို့ဒေသမာ သုံးနှုန်းပြောဆိုကတ်တေ စကား ဖြစ်ချင်မှဖြစ်ပါဖို့။ 

ကိုယ့်စကားမဟုတ်ပတ်စီ အများသုံးတစ်ခုကိုယူပနာရီးသင့်ပါရေ။ 
မဟုတ်ကေ ရခိုင်ဝေါဟာရတိ ဇာလောက်ပင်ကြွယ်ဝပတ်စီ အောက်သားစကားကဝင်ရောက် အမြတ်ထုတ်လားနိုင်စွာကို အထက်က 'မေမေ' က သက်သီပြနီပါရေ။)
လက်ဟိအနီအထားရေ ရခိုင်တစ်မျိုးသားလုံး၏ အဆိုးရွားဆုံး အနီအထားဖြစ်ပါရေ။
အေပိုင် အနီအထားမာ စံအရီးအသားကို လက်ဝါးဖြန့်တောင်းနီလို့ကား ရဖို့မဟုတ်ပါ။ စံအရီးအသားအတိအကျ ဖြစ်လာဖို့အတွက် ရခိုင်နိုင်ငံပေါ်ပေါက်လာဖို့ လိုအပ်ပါရေ၊ စစ်မှန်ရေရခိုင်အစိုးရတစ်ရပ် လိုအပ်ပါရေ။ 

ယင်းပိုင်ဆိုကေ ကောင်းရှည်လားပါဗျာလ်။
ရခိုင်လူမျိုးလွတ်မြောက်ဖို့ ရခိုင်လူမျိုးတိ စည်းလုံးဖို့လိုပါရေ။ 
ရပ်စွဲရွာစွဲ ပုဂ္ဂိုလ်စွဲ ထားနီလို့မရပါ။ 
လက်ဟိအနီအထားအရ ရခိုင်စာပီကို ရီးသားရေ နီရာမာလေ့ ရပ်စွဲရွာစွဲတိကို ဘေးမာထားပနာ 'ရခိုင်လူမျိုးအတွက်ရခိုင်စာပီ' ဆိုရေ အယူအဆကို နှလုံးသားထဲမာ စွဲမှတ်ထားကတ်ဖို့လိုပါရေ။
ရခိုင်စာပီကို လက်ဟိအနီအထားအတိုင်းရီး နီကတ်ဖို့ဆိုကေတော့ခါ  ရခိုင်လူမျိုးအချင်းချင်း  ပြဿနာ ဖြစ်လာဖြစ်လာနိုင်ပြီးကေ နောက်ဆုံး အောက်သားစာပီမာ အဆုံးသတ်လားနိုင်ပါရေ။ 

အေပိုင်မဖြစ်ရအောင်  ရခိုင်လူမျိုးတိုင်း ကိုယ်ရီးထားရေစာကို မှန်မမှန် ပြန်ပနာ ဆန်းစစ်သင့်ပါရေ။
ရပ်စွဲရွာစွဲနန့် ရီးသားထားရေ ရခိုင်စာပီစွာ ရပ်ရွာလောက်မာ အသုံးဝင်ပနာ ရခိုင်တစ်မျိုးသားလုံး အတွက်ရည်ရွယ်ပမာ ရီးသားဖို့ဆိုကေတော့ခါ ရခိုင်လူမျိုးတိ အများဆုံးသုံးရေ သတ်ပုံနန့် ဝေါဟာရကို အသုံးပြုပနာ ရီးသားသင့်ပါရေ။
အေပိုင်ရီးသားကတ်ဖို့အတွက် ရခိုင်စာပီတိကို ဖတ်ကတ်ဖို့၊လေ့လာကတ်ဖို့လိုပါရေ။ 
လက်ဟိ ရခိုင်စာပီတော်လှန်ရေးကို ဇာသူရို့က ဂေါင်းဆောင်နီတေဆိုစွာကို တိတိကျကျလေ့လာကတ်ဖို့ လိုပါရေ။ 

လက်ဟိ အဝီးရောက်ရခိုင်အများစုရေ ရခိုင်စာပီတော်လှန်ရေးကို အဝီးရောက် ပညာတတ်တိ၊ပညာသျှင်တိက ဦးဆောင်နီကတ်တေလို့ ယူဆကတ်ပါရေ။
ရခိုင်လူမျိုးတစ်ယောက်ပါရဂူဘွဲ့(ဒေါက်တာဘွဲ့) ရစွာရေ ရခိုင်စာပီကို တတ်ကျွမ်းစွာနန့် မဆိုင်ပါ။ ဒေါက်တာဘွဲ့ရပနာ ရခိုင်စာပီရီးသားစွာကို အားမပီးရေ ရခိုင်ပညာတတ်တိမကန်ဟိနီရေအတွက် ရခိုင်စာပီအရီးအသားနန့် ပတ်သက်ကေ သူရို့ကို အားကိုလို့မရပါ။

ရခိုင်စာပီကို တစိုက်မတ်မတ် ဇောက်ချ ရီးသားရေလူကရာ ရခိုင်စာပီကို ချစ်တေလူဖြစ်တေပိုင် ရခိုင်စာပီတိုး တက်အောင် လုပ်ဆောင်နီကတ်တေ လူတိလေ့ဖြစ်ပါရေ။
မျက်မှောက်ကာလ ရခိုင်စာပီပညာသျှင်တစ်ယောက်ကို လက်ညှိုးထိုးပြရဖို့ဆိုပါကေ ' ဆရာကြီး မောင်ဗသိန်း' ကို ပြရပါဖို့။

သူပြီးကေ ဆရာတော်ဇယန္တာဗောဓိ၊ ဆရာနောင်ဧ၊ ဆရာမောင်ခိုင်အောင်ရို့ အစီအသင့်ဟိပါရေ။
အေပုဂ္ဂိုလ်ရို့ရီးရေ ရခိုင်စာပီအရီးအသားတိရေ တစ်ယောက်နန့်တစ်ယောက် စကေတပွေ မတူစွာကလွဲပနာ အရီးအသားအားလုံးစွာ ရခိုင်တစ်ပြည်လုံးစံအဖြစ် အသုံးပြုဖို့ဆိုကေ သုံးလို့ ရနိုင်ရေ အနီအထားမာဟိပါရေ။
ယင်းကြောင့် ရခိုင်စာပီကို ကိုယ်တိုင်မရီးတတ် ပါကေ ယင်းဆရာရို့ အရီးအသားတိထဲကတစ်ခုခုကို ယူနာ ရီးသားသင့်ပါရေ။ 

မလေးသျှားနိုငံ က ရက္ခဝံလက်ရခိုင်အမျိုးသားမဂ္ဂဇိန်း က ရခိုင်စာပီအရီးအသားတိရေ ယင်းဆရာရို့၏ အရီးအသား(ဆရာမောင်ဗသိန်း အစဟိရေ.....) နန့် တူရေပိုင် အမေရိကနိုင်ငံက အကိုဦးသိန်းမောင် ထုတ်တေ နိုင်ငံတကာရခိုင်အမျိုးသားသတင်းစဉ် က ရခိုင်စာပီ အရီးအသားတိလေ့သော့ ယင်းဆရာရို့၏ အရီးအသားတိနန့် တတူတူဖြစ်ပါရေ။

အေချင့်တိစွာ ရပ်စွဲရွာစွဲတိနန့် ရီးသားကတ်စွာမဟုတ်ဘဲ ရခိုင်တစ်မျိုးသားလုံးအသုံးပြုနိုင်ရေ ဘုံစာပီ(စံစာပီ) ပန်းတိုင်ကိုလားနီကတ်စွာဖြစ်ပါရေ။ 
လက်ဟိ နာမည်ကြီးအဆိုတော်တိဖြစ်တေ ကိုဝင်းကိုခိုင်နန့် ကိုစံမော်သိန်း ရို့ရေ တောင်ဂုတ်မြို့နယ်သားတိဖြစ်ပါရေ။
ယေလေ့ သူရို့တေးခြင်းဆိုရေခါ တောင်ဂုတ်စကားသံနန့်မဆိုကတ်ပါ။

အေချင့်သည်ပင် ဘုံရခိုင်စကား၊ ဘုံစာပီ ပန်းတိုင်ကို ပန်းတိုင်ကို လားနီကတ်စွာဖြစ်ပါရေ။
အခြီအနီအရပ်ရပ်ကို သုံးသပ်ပနာ ရပ်စွဲရွာစွဲအယူအဆတိကို ဝေးသတ်ပြီးကေ တူရာတူရာ အရီးအသားချေတိကို
ဟူပနာရီးသားကတ်ကေ စံအရီးအသားဖြစ်မလာကေတောင်မှ စံအရီးအသားနီးပါးအဆင့်ကို ရောက်နိုင်လိမေလို့ ယုံကြည်မျှော်လင့်ပါရေ။
ရခိုင်လူမျိုးတိုင်း ရပ်စွဲရွာစွဲ ကင်းကင်းနန့် ရခိုင်စာပီကို ရီးသားနိုင်ကတ်ပါစီ

(ရခိုင်ရိုးမ သတင်းဌာနမှ ကူယူထားပါသည်)

Tuesday, 16 August 2011

ရှိဟောင်း သာသနိက အဆောက်အဦးတိ ပြုပြင်ထိန်းသိမ်းမှု အားနည်းလာ၊ လွတ်လပ်စွာ လုပ်ပိုင်ခွင့် မရှိခြင်းကြောင်းဟုသိရ

ရခိုင်ရို့၏ နောက်ဆုံးဘုရင်နန်းစိုက်ရာဖြိုက်တေ မြောက်ဦးမြို့ရှိ  ရှိဟောင်းသာသနာ အဆောက်အဦီး၊ ရှိဟောင်ဗိသုကာ လက်ရာတိကိုရေ ပြုပြင်ထိန်းသိမ်းမှု မရှိရေ အတွက် ပိုပျက်စီးလာပြီး  တပိုင်တနိုင်ပြည်သူတိကိုလုပ်ပိုင်ခွင့်လဲ မပီးကြောင်းသိရသည်။
ရှိဟောင်းဗိသုကာလက်ရာ၊ ဘုရားပုထိုးရုပ်ကြွင်းတိကိုေ မြာက်ဦးယိုင်ကျေးမှုဌာနက ထိန်းသိမ်းထားကေလဲ ပြုပြင်မှုမရှိဘဲ ပစ်စလက်ခက်ထားပြီးကေ အရေးမစိုက်ကြောင်းလည်းသိ ရသည်။
“အကျွန်ရို့က ဇာတီတိမာရှိရေ မြက်တိကို ရှင်းဖို့ အတွက်  အာဏာပိုင်တိကို လားပြောကေလဲ မလုပ်ရလို့ရာပြောရေ။ 
သူရို့ခွင်ပြုမှ လုပ်ရဖို့လတ်၊  အဂုဆိုကေ မြက်သသောနန့် ကြည့်မကောင်းပါ၊ယေလဲမြောက်ဦးယဉ်ကျေးမှုကလုပ်ပီးစွာတိမရှိကာ”လို့ေ မြာက်ဦီးမြို့ခံတဦးက ပြောပြသည်။
ယိုယွင်းပျက်စီးနိန် ရှိဟောင်း ယိုင်ကျေးမှု အမွိ အနှစ်တိကို ပြုပြင်ရန် အလှူရှင်တိ ရှိကေလဲ လုပ်ပိုင်ခွင့် မပီးရေ  ဖေသာကို ယိုင်ကျေးမှု ဌာန ကိုရာ အပ်ရကြောင်းသိရသည်။
“ အလှူရှင်တိက ရှိရေ၊ ပျက်စီးနိန်ရေ ဘုရားပုထိုးတိကို ပြုပြင်ဖို့ အတွက် မြောက်ဦး ရှိဟောင်း သုတေသန ဦးစီးပါးက ခွင့်ပြုချက်တောင်းကေလဲ လုပ်ပိုင်ခွင့်မပီးပါ ၊ဖေသာကိုရာသူရို့ဘားကို အပ်ကေ သူရို့လုပ်ပီးဖို့လို့ရာပြောရေ။

သီးခြားဒေပိုင် လုပ်ပိုင်ခွင့်မပီး၊ သူရို့လဲ မလုပ်ဆိုကေ ကြာလာကေ ရခိုင် ရှိဟောင်း အမွိအနှစ်တိ တဇတဇ ပျက်စီးလားနိုင်ရေ”လို့ အဆိုပါ မြို့ခံက ဆက်ပြောသည်။
မြောက်ဦးမြို့ရှိ ရှိဟောင်း အမွိ အနှစ်တိကို ကွယ်လွန်ခရေ ရခိုင်/မြန်မာပဏ္ဍိတ် ဆရာကြီး ဦးဦးသာထွန်း၏ ဖော်ထုတ်ခမှုကြောင်း  ရှိဟောင်း ပုထိုးတော် အချို့ကို ဂနိတိုင်မြင်တွိနိန်ရခြင်း ဖြိုက်သည်။
မြောက်ဦးနန်းတော်ကုန်းလည်း ပြန်လည်ပြုပြင်မှု မရှိရေ အတွက် ပျက်စီးစပြုလာကြောင်း လည်းသိရသည်။
ပြန်လည် ပြုပြင်ရေ အဆောက် အဦးတချို့မှာ ရှိဟောင်း ရခိုင်ယိုင်ကျေးမှု လက်ရာ မဟုတ်ဘဲ ဗမာလက်ရာ ဖြိုက်နိန်သည်။
မြောက်ဦး အရှိဘက်ရွှေဂူတောင်အနားရှိ ပျက်စီးနိန်ရေ ခြင်ကိုက်ပိဋကတ်တိုက်ကိုလည်း ပြီးခရေနှစ်က  ကြံ့ဖွပါတီကပြန်လည်  ပြုလုပ်ခကေလဲ ပြီးစီးအောင် မလုပ်ခကြောင်းသိရသည်။
သျှစ်သောင်း ပုထိုးတော်ကြီး မုခ်ဝလည်း အရင် ရှိဟောင်းလက်ရာ မဟုတ်ဘဲ ဗမာလက်ရာ ဖြိုက်နိန်ကြောင်း ရှိဟောင်းလက်ရာကို လေ့လာလိုက်စားသူတစ်ဦးက ကောက်ချက်ချသည်။
မြောက်ဦးမြို့သည် ရခိုင်ဘုရင်ရို့၏နောက်ဆုံးနန်းစိုက်ခရေ မြို့ဖြိုက်ပြီးကေ သက္ကရာဇ် ၁၁၄၆ ခုနှစ်၊၁၇၈၄ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နိမှာ ဗမာဘုရင်ရို့၏ ကျူးကျော်စစ်ကြောင်း ပျက်စီးလားပြီး  နန်းတော် တစ်ခုလုံးလဲ ပြာကျခရေပိုင်   ရခိုင်တို့၏ တန်ဖို့ မဖြတ်နိုင်ရေ ရှိဟောင်း အမွိအနှစ်တိကိုလည်း ဗမာပြည်သို့ယူဆောင်လားကြောင်း ရခိုင်သမိုင်းမှတ်တမ်းများ အရသိရသည်။
ဗမာရို့ကလဲ ရခိုင်တိဘားက ရရှိလာရေ အမွိအနှစ်တိရေ ဗမာပြည်မှာ မရှိကြောင်းကိုလည်း  ဗမာပြည်ကလာရေ ရခိုင်မြောက်ဦးနိုင်မော်ကွန်း အရသိရသည်။
လက်ရှိ အနိန်အထားမှာလည်း  ရခိုင်ရှိဟောင်း အမွိအနှစ်တိကို တစတစ ပြည်မသို့ယူဆောင် မှုတိရှိကြောင်းလည်း လေ့လာသူတိကဆိုသည်။

ပြည်မ ဘက်ရှိ မန္တလေး မဟာမုနိ၊ ရှင်ကျော်မုနိ၊ ဇလွန်မြို့ပြည်တော်ပြန် မြတ်စွာဘုရားရို့လည်း ရခိုင်က ယူဆောင်လားရေ ရှိဟောင်း ဘုရားတိ ဖြိုက်ကြောင်း သိရသည်။

(ရခိုင်ရိုးမ သတင်းဌာနမှ ကူယူထားပါသည်)

ဒုတိယ အကြိမ် မျက်ရည်ကျရသူ မဟာစန္ဒသူရိယ

အခုတလိုင်း ကျွန်တော့်စိတ်ထဲမှာ ဇာပိုင် ယောက်ယက်ခတ်နိန်စွာလဲ မပြောတတ်။ 
တခုခု အလိုမကျစွာလား မဆိုနိုင်။ 
ကိုယ့်စိတ်နာင့် အလိုမကျတိုင်း စိတ်ညစ်ရဖို့  စွာကလဲ မဖြစ်နိုင်။
လူဆိုစွာက လူအမျိုးမျိုး စိတ် အထွီထွီရာမနား။ 
ယေကေလဲ စိတ်က မကြီနပ်စွာတော့ အမှန်။ 
ကိုယ့်ကိုကိုယ် မကြီနပ်စွာက သေချာပါရေ။ 

ကောင်းပါဗျန်။ 
ယင်းချင့်က ကျွန်တော့်ဖက်က အမှားလား။ 
ဇာသူ့ဖက်က အမှားလဲ။
ယင်းပိုင်စွာကို ကြည့်ရေအခါ မပြည့်စုံစွာကစလို့  ပြောရဖို့  ထင်ပါရေ။
မိသားစုထဲမှာ မပြည့်မစုံဟိန့်ကေ စကားပြောရစွာတိတောင်မှ အခက်အခဲတိ ဖြစ်နိန်ရပါသိရေ။ 
အခုက ရခိုင်လူမျိုးတိနာင့် ပတ်သက်လို့  ပြောရဖို့  စကားပါဒေ။ 
ယင်းချင့်မှာ ကိုယ်က ရခိုင်လူမျိုးတိကို ထမင်းဝအောင် တလုပ်ချေတောင် မကျွှေးနိုင်သိရေအခါ ပြောရ ဆိုရစွာ လက်တုန်ပါရေလေ။
ယင်းပိုင်လဲ ကိုယ့်စိတ်ကို ဖျောက်ကြည့်ရပါသိရေဒေ။

ရခိုင်သမိုင်းထဲက ဘုရင်ကိုလွမ်းလို့  ကျလားခရေ မျက်ရည် မကန်ပါဗျန် ။ 
ကျေးဇူးတော်ရှင် ရခိုင် ရှင်ဘုရင်ကို ထီးတော်မိုးလို့  အနားမှာ ဒူးထောက် ခစားပနာ လားနိန်ချင်စွာပါကာ။
နန်းရာကုန်းက အပြန်မှာ အိမ်သူသက်ထား အရှင်မကို ရွှီနန်းသခင်က လက်ဆောင်ပဏ္ဍာ ချီးမြှင့်ပီးလိုက်တေ ဆိုစွာကို မျက်နှာလို မျက်နှာရ ပြောပြလိုက်ချင်ပါရေဒေ။
ကံဇာတာ မကောင်းလို့  ရွှီနန်းတော်လဲ ပျောက်ပနာ ရွှီနန်းသခင် ကျေးဇူးတော်ရှင် မင်းတရားကြီးကလဲ အဖမ်းခံ အဆီးခံနှာင့် ဖြစ်လားခရစွာမှာ ကျွှန်တော့်ရင်မနာ အသူနာပါဖို့ လဲယေ။ ဒေပိုင်အခြီအနိန်မျိုးတိကို မတွိချင်ပါဗျန်ကာ။ 

ရွှီထီးဆောင်းခစိုင်ကာလက ဤမြီဤနိန်ရာကား ဆွပ်ပျံ့ဘွယ်ကောင်းလောက်အောင် ရိပ်ကြီး မြိုင်ကြီးနန့်တောတောင်ရီမြီတိက စိမ်းလို့  စွပ်လို့ ။
အခုဆိုကေ ခြောက်သွိနိန်ပနာ သဲကန္တရ ပိုင် ခြောက်သွိလို့ ။

မဟာစန္ဒသူရိယမင်းက မြတ်စွာဘုရား ရုပ်ထုတော်ကို ရင်ငွ့တော် ခုနှစ်အုပ်နန့်  မြတ်မုနိဘုရားရုပ်ထုကို သက္ကရစ်-၁၂၃-ခုနှစ်မှာ တည်ထားခပါရေ။
ရခိုင်နိုင်ငံက ရခိုင်လူမျိုးတိက ဗုဒ္ဒဘာသာကို သက်ဝင်ယုံကြည်လို့  ကိုးကွယ်ခကတ်စွာဖြစ်တေ။ 
တနိန့် မှာ ရခိုင်နိုင်ငံ တ၀ှမ်းလုံး ဗုဒ္ဒဘာသာ နိုင်ငံဖြစ်ဗြီးကေ အခြားအိမ်နီးချင်း နိုင်ငံတိကလဲ ဗုဒ္ဒဘာသာဝင် ဖြစ်လားဖို့  စွာကို ယုံကြည်ခလို့  သွန်းလုပ် ကိုးကွယ်ခစွာလို့ဆိုကေ မမှားထင်ပါရေ။
ယေကေလဲ မြတ်မုနိဘုရားကို ဗုဒ္ဒဘာသာအယူဟိန့် ရေ အောက်ပြည် အောက်ရွာသားတိက သက္ကရစ် ၁၁၈၆-ခုနှစ်မှာ ယူဆောင်လားခပါရေ ။ 

စစ်ရှုံးရေ အခါ စစ်နိုင်ရေ လူတန်းစားတိက လူတိကို သုံ့ပမ်းအဖြစ် ဖမ်းယူလားရေ။ မြတ်မုနိ ရုပ်ထုတော်ကို လက်ချိုး ခြီချိုး လေးပိုင်း ပိုင်းပနာ အောက်ပြည် အောက်ရွာကို ယူလားခကတ်တေ။
ပြောချင်စွာက မဟာစန္ဒသူရိယမင်းက ရခိုငရှင်ဘုရင်ဖြစ်လို့  မြတ်စွာဘုရားက ခွင့်ပြုချက်ပီးလို့  ရင်ငွိတော်နန့်  သွန်းလုပ်ခစွာ။
အခုက စစ်နိုင်လားရေ အောက်သားတိက ရုပ်ထုကို လေးပိုင်း ပိုင်းပနာ ခြီတိ လက်တိ ခေါင်းတိ ချိုးပနာ ယူလားခကတ်တေ။  အဂင့်ဂင့်ရာ တမလွန်ဘ၀က မဟာစန္ဒသူရိယက လာလို့ ရာ ပြောနိုင်ခကေ ယင်းအချိန်က ငါ့မျက်ရည် ကျလို့  မဆုံးပါဒေလို့  ပြောဖို့  စွာက အသီအချာပါ။

အဂုတခါ ယင်းပိုင် နမူနာဖြစ်လာပါဗျန်ထော။ 
ရခိုင်ရှင်ဘုရင်ရို့ ထီးနန်းဥကင် ချက်မြှုပ်ရာ ရျွှီမြို့တော်မှာ ဗဟိုရ်စည် တိတ်လားခစွာ ကြာခပါဗျန်ကာ။
ယင်းပိုင် ဗဟိုင်္ရစည်အသံ သောသော မညံဘဲ နိန်ခစွာ နှစ်ပေါင်း နှစ်ရာကျော် ကြာလာရေအခါ ရခိုင်ရို့ နန်းတော်ကြီး၊ ရခိုင်ရှင်ဘုရင်ရို့ တည်ထား ကိုးကွယ်ခရေ ဘုရား ကျောင်းကန် ဇာတီ ပုထိုးတိကလဲ ဆည်းလည်းသံ မညံပါကားယေ။ 
လူသား အသက်ပေါင်း မြောက်မြားစွာ သီလားခရရေ ရခိုင်ရှင်ဘုရင် နန်းတော်ကြီးကား သွီးမခြောက်ဘဲ ဟိန့်နိန်ပါရေထော။ယင်းပိုင် ဘ၀နန့်  နိန်ခစွာမှာ အင်္ဂလိပ် လက်အောက် ရောက်ခါရောက်၊ ဂျပန် လက်အောက် ရောက်ခါရောက်နန့် နောက်ဆုံး အင်္ဂလိပ်လက်အောက် ရောက်လို့  ဘ၀ကို ကျွန်ဘ၀နန့်  အဆုံးသတ်ဖို့  ဖြစ်ခရပါသိရေယေ။

လွန်ခရေ -၆၃- နှစ်ကရာ ရခိုင်နိုင်ငံတော်က ရခိုင်နိုင်ငံရီးသမားတိ တော်လှန်ရီး သမားတိကရာ ဒေပိုင် လွပ်လွပ်ရီးကိုရာ လုပ်ခကတ်ဖို့  ပြောခကတ်ဖို့ဆိုကေ အဂု အချိန်မှာ ရခိုင်နိုင်ငံတော် လွပ်လွပ်ရီး ရလားခစွာ ကောင်းကောင်း ကြာလားခပါဗျန်ဒေ။
နှစ်ပေါင်း-၆၆- နှစ်မှာ ဒုတိယကမ္ဘာစစ်ကြီး မီးတောက်လောင်ခလို့  ကမ္ဘာတခုလုံး သီသူသီ ပျောက်သူပျောက်နန့်  ဖြစ်နိန်ခပါရေ။ 

ဂျပန်နိုင်ငံ ဟီရိုးရှီးမားနန့်  နာဂါစကီမြို့ ကို အနုမြူဗုံး ကြဲပလိုက်လို့ ဂျပန်နိုင်ငံက စစ်ရှုံးဗျန်လို့  လက်နက်ချရေ အခါ ရခိုင်လူမျိုးတိမှာ အကြီးအကျယ် အခွင့်ကောင်းတခု ရခကတ်ပါရေယေ။
ယင်းချင့်က ဂျပန်နိုင်ငံက လက်နက်ချလို့  ထွက်ဗြီးလားရေအခါ ရခိုင့်တော်လှန်ရီးသမားတိက ရခိုင်နိုင်ငံတော်ကို လွပ်လွပ်ရီး ရဗျန်ဆိုပနာ မကြေငြာ ခကတ်ပါဒေ။
နောက်တခါ အင်္ဂလိပ်ဘားက လွပ်လွပ်ရီး ပီးဖို့ဗျန်ဆိုရေ အခါမှာလဲ ရခိုင်နိုင်ငံတော်က လွပ်လွပ်ရီး လိုချင်ရေ ဆိုပနာ လှုပ်ရှားခရေ စင်းသီး ရခိုင်နိုင်ငံရီး သမားတိကား မပေါ်ခပါမနား။

ယင်းအချိန်က ဗမာနိုင်ငံရီး သမားတိနန့်  လားပေါင်းစွာမှာ ပြသနာတိ ရှင်းလို့ကား မကျီပါဗျန်ကားယေ။ ၁၉၄၈-ခုနှစ်မှာ မြန်မာနိုင်ငံ လွပ်လွပ်ရီး ရလားရေအခါ လက်နက်အားကိုးနန့်  တိုက်လို့  ရလားစွာကား မဟုတ်ပါဒေ။ 
ယင်းချင့်ကို သတိထားဖို့လိုပါရေ။
နိုင်ငံရီးအရ အောင်ဆန်းရို့က လှုပ်ရှားလားစွာမှာ ရခိုင်နိုင်ငံရီး သမားတိက ယင်းပိုင် အောက်သားတိနန့်  လားပေါင်းစွာမှာ ရခိုင်နိုင်ငံ လွပ်လွပ်ရီး ရလာစွာကား မဟုတ်ပါကားဒေ။ မရလိုက်စွာထက် ရခိုင်နိုင်ငံတော် ပျောက်လားခရေ စွာက ကောင်းကောင်းကြီး အခံရခက်ရစွာပါဒေ။
လွန်ရေ အချိန်က-၆၃-နှစ်ရာ ဟိန့် ပါသိရေဒေ။
ယင်းပိုင်ဟိန့် နိန်ရေအတွက် ရခိုင်နိုင်ငံရီး သမားတိက ရခိုင်နိုင်ငံတော်ကို လွပ်လွပ်ရီး အတွက် တညီ တညွတ်နန့် ဇာဖြစ်လို့  မလုပ်နိုင်ရဖို့လဲချင့်။ ဇာဖြစ်လို့  လက်နက်ကိုင် တော်လှန်ရီးမှာ တညီ တညွတ်တည်း မဖြစ်နိုင်ဘဲ ဟိန့်လီရဖို့လဲချင့်။

ကျွန်တော် ပြောခရေပိုင် ထမင်းတလုပ်ကို မကျွှေးနိုင်သိလို့ရာ ပြောရဖို့  စွာပါကာ။
ဇာဖြစ်လို့ဆိုကေ ကျွန်တော်ကရာ ထမင်းတလုပ်ကို ကျွေးခနိုင်ကေ ရခိုင်နိုင်ငံရီးသမားတိ တော်လှန်ရီးသမားတိမှာ ကျွန်တော်ပြောရေပိုင် ရခိုင်နိုင်ငံတော် လွပ်လွပ်ရီးမှအပ အခြား မဟိန့်ဗျန် ဆိုပနာ လုပ်ကတ်ဖို့  စွာပါကားယေ။ 

ယင်းချင့်က ရခိုင်လူမျိုးတိုင်းက ရခိုင်နိုင်ငံတော်ကို လွပ်လွပ်ချင်ကတ်စွာပါရာ။
အမျိုးကိုလဲ ချစ်ကတ်စွာပါရာ။
အင်္ဂလိပ်နယ်ချဲ့ ကို လွပ်လွပ်ရီးအတွက် နောက်ဆုံးတိုက်ပွဲ ၀င်ခစွာ မင်းသားကြီးရွှီဘန်းရို့ ဗြီးကေ ရခိုင်တော်လှန်ရီး သမားတိ ကွင်းဆက်ပြတ်လားခပါရေ။

ယင်းပိုင်နာင့်ပင် ရခိုင်နိုင်ငံရီး သမိုင်းမှာ ရခိုင်နိုင်ငံတော်အတွက် တော်လှန်ရီး ခေါင်းဆောင် မပေါ်ပေါက်ဘဲ နိန်ခစွာမှာ ၁၉၃၉-ခုနှစ်မှာ ပျံလွန်လားခရေ ဆရာတော် ဦး ဥတ္တမက ရခိုင်လူမျိုး ဖြစ်လီကေလဲ ရခိုင်နိုင်ငံတော် လွပ်လွပ်ရီး အတွက် မလုပ်ပြနိုင်ခစွာကို တွိ့ရပါရေ။
ဒုတိယကမ္ဘာစစ် ဖြစ်လာရေအခါ ဆရာတော် ဦးစိန္တာရို့ ဆရာတော် ဦးပညာသီဟ၊ ဘုံပေါက် သာကျော်ရို့ ပေါ်ပေါက်လာပါရေ။ 

ယေကေလဲ ရခိုင်နိုင်ငံတော် လွပ်လွပ်ရီးအတွက် လုပ်ခကတ်စွာ မဟုတ်ဘဲ အောက်ပြည်အောက်ရွာ နိုင်ငံရီးသမားတိနန့် လားလို့ ပေါင်းခီစွာမှာ ငါးပါးကြီး မှောက်လားစွာပါယေ။
နောက်ဆုံးမှာ ပင်လုံညီလာခံ စာချုပ်တိကို လက်မှတ်ထိုးကတ်လို့  ယင်းပိုင်နန့်ပင် မြန်မာနိုင်ငံ လွပ်လွပ်ရီး ရလားခစွာမှာ ရခိုင်ငံရီး သမားတိက ၀န်ကြီးနိန်ရာတိကို ယူလိုက်ဗြီးစွာနာင့် ရခိုင်နိုင်ငံတော်လဲ ပျောက်လားခရစွာပါရာ။
 
အခု တခါ ရခိုင် လူမျိုးတိ ကမ္ဘာတည်သရွိ့ ကျွှန်သက်ရှည်ဖို့  ဒုတိယပင်လုံညီလာခံ လုပ်ဖို့  ပြင်ဆင်နိန်ပါဗျန်ကာ။
ယင်းပိုင် ပြင်ဆင်နိန်စွာမှာ ရခိုင်လူမျိုးတိက ရှိဆုံးက ပါနိန်ပါရေထော။  ရခိုင်နိုင်ငံရီး သမိုင်းကို မသိလို့လား နားမလည်စွာလား မပြောတတ်ပါ။

ကျွန်တော် သိထားစွာ တခုက အောက်ပြည် အောက်ရွာသားတိနန့်  ပေါင်းလို့  ပထမ ပင်လုံမှာ ရခိုင်ငံတော် ပျောက်လားခရပါဗျန်။
အခုတခါ ဒုတိယပင်လုံညီလာခံ လုပ်လာကေ ကျိန်းသီလုံးဝ ရခိုင်နိုင်ငံတော်ပျောက်စွာ မဟုတ်ဘဲ ကမ္ဘာမြီပုံမှာ စုံးစုံးမြုပ်လို့ ပျေက်ကွယ်လားလီဖို့  ပါဗျန်ကာ။ 
ယေဇူးနာင့် ကျွှန်တော်စိတ်ထဲမှာ တစိချေလဲ စိတ်ထားကောင်းကောင်းနန့်  အခုတလိုင်း မဟိန့်ပါဒေ။ ကောင်းကောင်းကြီး စိတ်ညစ်နိန်မိပါရေ။

ယင်းပိုင်စွာမျိုးမှာ အခုတခါ ကြားလာရပါဗျန်ထော။
မြောက်ဦးမြို့က ရွှီဆင်းထုတော်တိကို အခုတခါ အောက်သား စစ်အစိုးရက လက်နက် အားကိုးနန့်  အနိုင်ကျင့်လို့ နေပြည်တော်ကို ယူလားဖို့  လုပ်လာကတ်ပါရေလတ်။ ကံကောင်းလို့ မြောက်ဦးမြို့သူ မြို့သားတိက ၀ိုင်းပနာ ကန့် ကွက်လို့  မယူဖြစ်ပါသိဒေ။
ရတနာမန်အောင် ဆရာတော်ကြီးက ယင်းပိုင်ဖြစ်နိန်ရေအချိန်မှာ အမေရိကန်နိုင်ငံမှာ သီတင်းသုံးလို့  ၀ိပသနာတရား ဟောကြားနိန်ရေ အချိန်ဖြစ်ပါရေ။ 

ဆရာတော်ကြီးက နယူးယောက်မြို့ မှာ ၀ိပသနာတရား စခမ်းဖွင့်လို့  သီတင်းသုံးနိန်ခကတ်တေအခါ တွိလိုက် ဖူးလိုက်ပနာ ပြောဖြစ်ခကတ်ပါရေ။ မြောက်ဦးက ရွှီဆင်းထုဘုရားနန့်  အခြားရှေးဟောင်းယိုင်ကျေးမူတိကို ရခိုင်ပြည်မှာရာ ထားသင့်ကြောင်းကို လျောက်ထားခကတ်ပါရေ။ ဒေဂုတော့ခါ ဆရာတော်ကြီး ပြန်လို့  ကြွလားခကတ်ပါဗျန်ဒေ။

ရခိုင်ပြည်က ဒုတိယပင်လုံညီလာခံ လုပ်ဖို့လို့ ကြွီးကြော်နိန်ရေ ရခိုင်နိုင်ငံရီးသမားတိကလဲ အခုဆိုကေ ရခိုင်နိုင်ငံတော်က ၇ွှီဆင်းထုတော် ဘုရားနန့်  ရခိုင်ရှေးဟောင်းဘုရား ယိုင်ကျေးမူ လက်ရာတိကို  နေပြည်တော်ကို ယူလားဖို့  လုပ်နိန်စွာကို တခွန်းချေတောင် မယူကေ့လို့  ပြောသံမကြားပါသိမ့်။
နေပြည်တော်က သမတဦးသိန်းစိန် အနားမှာ ဟိန့် နိန်ရေ ရခိုင်တိုင်းရင်းသား တိုးတက်ရီးပါတီက ဥက္ကဌကြီးကလဲ အခုအချိန်ထိ ယင်းရွှီဆင်းထုတော်နန့်  ယိုင်ကျေးမူတိလက်ရာတိကို မယူပါကေ့လို့  ဟန့် တားစွာကို မကြားရပါသိ။

ရခိုင်သဟာယအသင်းကြီးနန့်  ရခိုင်စာပီယိုင်ကျေးမူ အသင်းကြီးတိကလဲ လုံးဝဟန့် တားရေဆိုစွာကို မကြားရပါသိကာ။
ကျွှန်တော်ကြားရစွာက မြောက်ဦးမြို့ သား မြို့ သူတိက အသက်ကို မကြောက်မရွံ့နန့်  သီချင်ကေ သီလီပတ်စီ ဆိုပနာ ဟန့်တားနိန်ကတ်စွာကိုရာ ကြားရပါရေဒေ။

နေပြည်တော်ကို တရက်မဟုတ်ကေ တရက်မှာ ယင်းဘုရားတိ ယူလားဖို့စွာက အသီအချာပါရာ။
လက်နက် အားကိုးနန့်  ယူလားဖို့  လုပ်ထားရေ အမိန့်ကို မဖျက်သိသမျှ လုပ်လာဖို့  စွာပါရာ။ ၂၀၁၀- နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြီခံ ဥပဒေပြဋ္ဌာန်းထားစွာမှာ ရှေးဟောင်းယိုင်ကျေးမူတိကို နေပြည်သို့  ယူလားရဖို့  ဆိုစွာ မပါစွာကို ရခိုင်တိုင်းရင်းသားတိုးတက်ရိးပါတီက ပုဂ္ဂိုလ်ကြီးတိ သိကတ်ပါဖို့ စွာပါရာ။
လက်နက်လဲမဟိန့်  နိုင်ငံရီးပါတီကလဲ မဟုတ်ပါဘဲ ယိုင်ကျေးမူ အမွေအနှစ်ကို အသက်စွန့် လို့  ကာကွယ်နိန်ကတ်တေ အမျိုးသမီး( မမချေ )တိကို ရခိုင်နိုင်ငံရီး သမားကြီးတိက လက်အုပ်ချီလို့  ရှိခိုးဖို့  အချိန် ကျနိန်ပါဗျန်ဒေ။

ဇါပင်ဖြစ်ဖြစ် တခါက မဟာမြတ်မုနိဘုရား အလှူရှင် မဟာစန္ဒသူရိယမင်းက ဘုရားကို ရင်ငွိ့တော် ခုနှစ်အုပ်နန့် အုပ်လို့  လှူဒါန်းခစွာကို တမလွန်ဘ၀က မျက်ရည်ကျလို့  ငိုကြွီးဖူးခပါဗျန်ဒေ။

အခုလဲ မျက်ရည် မခမ်းသိရေ အခါမှာပင် လောကမဉ္ဖူ ရွှီဆင်းထုတော်ဘုရားနန့်  ယိုင်ကျေးမူတိကို စစ်နိုင်သူ အောက်သား လူမျိုးတိက အခုတခါ ယူလားဖို့  ပြင်ဆင်နိန်ရေ ဆိုစွာကိုသိရကေ မဟာစန္ဒသူရိယ မင်းကြီး  ဒုတိယ အကြိမ်မြောက် မငိုကြွီးဘဲ နိန်လီပါဖို့လားချင့်။ 

ပထမ တကြိမ်က ငါလှူခလို့  ငါမျက်ရည်ကျခစွာကို အခုအချိန်ထိ ရခိုင်လူမျိုးတိ သတိမရကတ်သိလားယေလို့  ပြောခကေ ကျွန်တော် ကိုယ့်ကိုယ်ကို ပြန်လို့  ကြည့်ပနာ ဇာပိုင် ဖြီရဖို့လဲ။ မပြောတတ်ပါကာ။

ခိုင်အောင်ကျော် ( နယူးယောက် )        

(ရခိုင်ရိုးမ သတင်းဌာနမှ ကူယူထားပါသည်)